Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံတွင် ခရီးသွားများရှိရာ လမ်းသို့ ဆင်ရိုင်းတစ်ကောင် ဝင်ရောက်ကာ ကားများအား ဖျက်ဆီးသွားခဲ့

ယူနန်ပြည်နယ်ရှိ ခရီးသွား ဧည့်သည်များ စည်ကားရာ လမ်းမထက်သို့ ရောက်ရှိလာသော ဆင်ရိုင်း တစ်ကောင်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကူမင်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ခရီးသွားဧည့်သည်များ စည်ကားရာ လမ်းမထက်သို့ အာရှဆင်ရိုင်း တစ်ကောင် ရောက်ရှိလာပြီး ရပ်ထားသည့် မော်တော်ကားများစွာကို ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

ကျန်းစွန်မား အမည်ရှိ အဆိုပါ ဆင်မသည် ရှီးရွှန်းဘန်နဒိုင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရှိ တောရိုင်းဆင်များ ရှိရာ ရှုခင်းကြည့်ဧရိယာမှ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၄ နာရီတွင် အဓိက လမ်းမကြီးပေါ်သို့ လမ်းမှား ရောက်ရှိလာခြင်း ဖြစ်ကြောင်း ဒေသဆိုင်ရာ ပြည်သူ့ အာဏာ ပိုင်များက ပြောကြားခဲ့သည်။

ဆင်ရိုင်းသည် လမ်းမပေါ်တွင် မိနစ် ၂၀ ခန့် ပြေးလွှားနေခဲ့ပြီး ခရီးသွားများ၏ ရပ်နားထားသည့် ကား ၁၅ စီးကို ဖျက်စီးခဲ့ကာ အစာ ရှာဖွေရန် အတွက် ရှုခင်း ကြည့်စခန်းသို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

ရှုခင်းကြည့် ဧရိယာမှ တာဝန်ရှိသူများ နှင့် အာမခံ ကုမ္ပဏီများသည် လျော်ကြေးများ ပေးနိုင်ရန် မော်တော်ကား များ၏ ပျက်စီးမှု အခြေအနေကို လာရောက် စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ရှုခင်းကြည့် ဧရိယာမှ ဝန်ထမ်းတစ်ဦးက အဆိုပါဒေသတွင် ခြောက်သွေ့ ရာသီ ရောက်ရှိလာပါက ဆင်များသည် ပိုမို မြူးတူး လာတတ်သော်လည်း ထိုကဲ့သို့ လမ်းမကြီးပေါ်သို့ ရောက်ရှိလာခြင်း မရှိတတ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)