Connect with us

Environment, Disasters & Accidents

ချင်းတွင်းမြစ်ရေ နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်အထက်ဆက်လက်တည်ရှိနှိုင်

ရန်ကုန်၊ ဇူလိုင်၁၀ရက် (ဆင်ဟွာ)

ချင်းတွင်း မြစ်ရေသည် ဖောင်းပြင်မြို့တွင် နှစ်ပေခန့် ယင်းမြို့၏စိုးရိမ် ရေမှတ်အထက်သို့ ကျော်လွန် နေပြီး နောက်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

တိုင်းထွာချက်များအရ ချင်းတွင်း မြစ်ရေသည် မော်လိုက်မြို့တွင် သုံးပေခန့်၊ ကလေးဝမြို့၊ မင်းကင်း မြို့နှင့် ကနီမြို့တို့တွင် ပေဝက် ခန့်စီ ယင်းမြို့များ၏စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန် နေပြီး နောက်နှစ်ရက်အတွင်း မော်လိုက်မြို့တွင် တစ်ပေခွဲခန့်၊ နောက်နှစ်ရက်တွင်း ကလေးဝ မြို့၊ မင်းကင်းမြို့နှင့် ကနီမြို့တို့ တွင် နှစ်ပေခန့်စီ ဆက်လက် တက်လာနိုင်ပြီး ယင်းမြို့များ၏စိုးရိမ်ရေမှတ်အသီးသီးအထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မကွေးတိုင်းဒေသကြီးနှင်‌့ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင်‌့ တောင်ပိုင်း) တို့တွင် နေရာစိပ်စိပ်နှင်‌့ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်နှင်‌့ မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း သိရသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင်‌့ ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း မိုးဇလထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
ချင်းတွင်းမြစ်တစ်လျှောက်ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်ထဲတွင် အကြံပြုထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.