Connect with us

Environment, Disasters & Accidents

ရေဘေး ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၂၀ ဦးရှိ

ကရင်ပြည်နယ် ဘားအံ မြို့ နယ် အတွင်း ရေဘေး ဖြစ်ပွားမှုအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ)

ဇူလိုင်လ နှင့် သြဂုတ်လ အတွင်း ရေဘေး ဖြစ်ပွားမှုများကြောင့် နေပြည်တော် နှင့် တိုင်းဒေသကြီး/ပြည်နယ် ၇ ခုတွင် သြဂုတ် ၈ ရက် အထိ သေဆုံးသူ ဦးရေ ၂၀ ဦး ရှိကြောင်း အမျိုးသား သဘာ၀ ဘေးအန္တရာယ် ဆိုင်ရာ စီမံ ခန့်ခွဲမှု ကော်မတီ နှင့် လူမှု ဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန တို့မှ ထုတ်ပြန်သော စာရင်းဇယားများ အရ သိရသည်။

ရေဘေးကြောင့် နေပြည်တော်တွင် ၁ ဦး ၊ ရှမ်းပြည်နယ်တွင် ၁ ဦး ၊ ကရင်ပြည်နယ်တွင် ၄ ဦး ၊ တနသာၤရီ တိုင်းဒေသကြီးတွင် ၁ ဦး ၊ မွန်ပြည်နယ်တွင် ၆ ဦး ၊ ပဲခူးတိုင်းဒေသကြီးတွင် ၄ ဦး ၊ မကွေး တိုင်းဒေသကြီးတွင် ၂ ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁ ဦး တို့သေဆုံးခဲ့ကြောင်း သိရသည်။

ရေဘေး ဖြစ်ပွားမှုကြောင့် မျောပါ/ပျက်စီးသည့် အိမ်ခြေ ၃၀ ရှိပြီး ရေဘေးရှောင် စခန်း ၃၄၀ ခု ဖွင့်လှစ်ခဲ့ပြီး စခန်း ၂၈၅ ခုမှာ ပိတ်သိမ်းပြီး ဖြစ်ရာ သြဂုတ် ၈ ရက် အထိ စခန်း ၅၅ ခုတွင် လူဦးရေ ၂၀,၁၃၈ ဦး ယာယီ ပြောင်းရွှေ့နေထိုင်လျက် ရှိကြောင်း သိရသည်။

တိုင်းဒေသကြီး/ပြည်နယ် အလိုက် ဇူလိုင်လ နှင့် သြဂုတ်လ အတွင်း ရေဘေး ဖြစ်ပွားမှုများကြောင့် စုစုပေါင်း ငွေကျပ် ၄၂၅,၈၇၈,၄၄၀ ထောက်ပံ့ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.