Connect with us

Environment, Disasters & Accidents

သိမ်ဖြူလမ်းရှိ ဆေးခန်းမှ စတင်လောင်ကျွမ်းသော မီးကြောင့် တန်ဖိုး ကျပ် ၁၄၆ သိန်းခန့် ဆုံးရှုံးဟု ဆို

သိမ်ဖြူလမ်းရှိ ပီတိ ဆေးခန်းမှ မီးစတင်လောင်ကျွမ်းနေစဉ် (ဓာတ်ပုံ- Myanmar Fire Services Department)

ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

မင်္ဂလာတောင်ညွှန့် မြို့နယ် ကန်တော်လေး တောင်ရပ်ကွက် သိမ်ဖြူလမ်း အမှတ် ၁၄၉ ပီတိ ဆေးခန်းမှ စတင် လောင်ကျွမ်းသော မီးကြောင့် စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၄၆ သိန်းခန့် ရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး မီးသတ် ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ပေ၂၀× ၆၀ ပေ သွပ်မိုး ပျဉ်ထောင် ကွန်ကရစ်ခင်း ၁ ထပ်နေအိမ် ၂ လုံးနှင့် ယင်းအိမ်နှင့် ကပ်လျက်ရှိ RC ၆ ခန်းတွဲ ၈ ထပ်တိုက်၏ ဒုတိယထပ်နှင့် တတိယထပ်မှ အတွင်းပစ္စည်းများ မီးလောင် ခံခဲ့ရကြောင်း မီးသတ် ဦးစီးဌာနက ထုတ်ပြန်ထားသည်။

မီးလောင်မှု အကြောင်းရင်းမှာ မီးပျက်သွား၍ မီးစက် စတင်နှိုးရာမှ ဆီပိုက်ပြုတ်၍ အိတ်ဇောပေါ်သို့ ဓာတ်ဆီကျကာမှ မီးစတင် လောင်ကျွမ်းခြင်း ဖြစ်သည်။

မင်္ဂလာတောင်ညွှန့် မြို့နယ် ကန်တော်လေး တောင်ရပ်ကွက် သိမ်ဖြူလမ်း အမှတ် ၁၄၉ ပီတိ ဆေးခန်းတွင် မီးလောင်နေကြောင်း ၁၈း၁၀ အချိန်တွင ်သတင်း ရရှိသဖြင့် မီးငြိမ်းသတ်ယာဉ် ၃၈ စီး မီးသတ် အထောက်အကူပြုယာဉ် ၁၉ စီး မီးသတ်စက်ယာဉ် ၁ စီး၊ မီးသတ် ရေသယ်ယာဉ် ၉ စီး စုစုပေါင်း မီးသတ်ယာဉ် ၆၇ စီး မီးသတ် တပ်ဖွဲ့ဝင် သန္ဓေ ၃၂၆ ဦး အရန် ၁၂၂ ဦးတို့မှ ရေဂါလန် ၅၅,၀၀၀ ခန့် အသုံးပြု ငြိမ်းသတ်ခဲ့ပြီး ၁၉း၁၀ အချိန် မီးကို ထိန်းသိမ်း နိုင်ခဲ့ကြောင်း သိရသည်။