Connect with us

Environment, Disasters & Accidents

ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးပေါ်၌ ယာဉ်နှစ်စီးတိုက်မိပြီး လူ ၇ ဦးသေဆုံး

ယာဉ်နှစ်စီးတိုက်ပြီး လူ ၇ ဦးသေဆုံးသော ယာဉ်တိုက်မှုဖြစ်စဉ်အား ကယ်ဆယ်ရေး ဆောင်ရွက်စဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန )

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၃၄/၇) နှင့် (၁၃၄/၈) ကြားတွင် ယနေ့ (ဖေဖော်ဝါရီ ၁၅ ရက်) နေ့လယ် ၁၁ နာရီခွဲခန့်က ယာဉ်နှစ်စီးတိုက်မိပြီး လူ ၇ ဦးသေဆုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့မောင်းနှင်လာသော FOTON အမျိုးအစား(အနီရောင်) (၂၂)ဘီး ကုန်တင်ယာဉ်နှင့် ဘီးလင်းဘက်မှ သထုံဘက်သို့ မောင်းနှင်လာသော Probox အမျိုးအစား (အဖြူရောင်) ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွါးခဲ့ပြီး Probox ယာဉ်ပေါ်ပါ လူ ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ ၇ ယောက်လုံး နေရာတင် ပွဲချင်းပြီးပါပဲ ၊ ကားကလည်း တစ်စီးလုံး ကြေမွပျက်စီးသွားတယ်၊ လူမူကယ်ဆယ်ရေးတွေဆို ရုပ်အလောင်းတွေကို ကားထဲက ခက်ခက်ခဲခဲ ထုတ်ရတယ်” ဟု မွန်ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။အဆိုပါယာဉ်တိုက်မှုကြောင့် Probox ယာဉ်ပေါ်ပါ ခရီးသည် ကျား(၅)ဦး၊ မ(၂)ဦး စုစုပေါင်း(၇)ဦး (သေဆုံး) အား ပီတိနှလုံသားလူမှုကူညီရေးအသင်းယာဉ်ဖြင့် သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.