Connect with us

Environment, Disasters & Accidents

နည်းဥပဒေ အတည်ပြုရေး ဒေသခံ Stakeholder များထံ အကြံပြုချက်များ ရယူ

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန၊ သစ်တောဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင် အဖွင့် မိန့် ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

ဇီဝမျိုးကွဲနှင့် သဘာ၀ ထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာ နည်းဥပဒေ ပြင်ဆင် ပြုစုရာတွင် ဒေသခံ တိုင်းရင်းသားများ၏ အကြံပြုချက်များ ရရှိပြီး တစ်နိုင်ငံလုံးကို လွှမ်းခြုံ နိုင်သော နည်း ဥပဒေ ဖြစ်စေရေးအတွက် အကျိုးသက်ဆိုင်သူများ၏ အကြံပြုချက်များ ပြန်လည် စုစည်း သုံးသပ်ခြင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော် Royal Nay Pyi Taw Hotel တွင် ယနေ့ ကျင်းပခဲ့သည်။

“Wildlife နဲ့ပတ်သက်ရင် ဇီ၀ မျိုးစုံ မျိုးကွဲ ထိန်းသိမ်းရာမှာ ကျွန်တော်တို့နိုင်ငံက ရေမြေတောတောင် သဘာဝတွေ ခြားနားစွာ ရှိသလိုပဲ ဒီ ရေမြေတောတောင် သဘာဝနဲ့ ဇီ၀ အမျိုးစုံ မျိုးကွဲကို မှီခိုနေရ တဲ့ ဒေသခံ တိုင်းရင်းသားတွေလည်း အများကြီး ရှိပါတယ်။ သူတို့ရဲ့ စိုးရိမ်ပူပန်မှု၊ သူတို့ ဖြစ်ချင်တဲ့ ဆန္ဒ၊ လက်ရှိဆောင်ရွက်နေတဲ့ အပေါ်မှာ မူတည်ပြီး ဒီ နည်းဥပဒေဟာ တတ်နိုင်သလောက် တစ်နိုင်ငံ လုံး လွှမ်းခြုံနိုင်တဲ့ နည်းဥပဒေ ဖြစ်အောင် လုပ်နေတာဖြစ်လို့ သူတို့ပေးချင်တဲ့ အကြံဉာဏ်တွေ လက်ခံ ရရှိအောင် လုပ်ရတာပါ။ ဇီ၀ မျိုးစုံ မျိုးကွဲနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ အကြံပြုချက်တွေကို ဒီနေ့ ဆွေးနွေးရခြင်း ဖြစ်ပါတယ်” ဟု သစ်တောဦးစီးဌာန ဒုတိယ ညွှန်ကြာရေးမှူးချုပ် ဦးကျော်ကျော်လွင် က ပြောကြားခဲ့သည်။

ဇီဝမျိုးကွဲနှင့် သဘာ၀ ထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာ နည်းဥပဒေ ပြင်ဆင်ပြုစုရေးအတွက် အကျိုးသက်ဆိုင်သူများ၏ အကြံပြုချက်များ ပြန်လည် စုစည်း သုံးသပ်ခြင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

ယခု ဆွေးနွေးပွဲသည် အဆိုပါ နည်းဥပဒေအတွက် ဒေသခံပြည်သူများ ထံမှ နောက်ဆုံးအဆင့် အကြံပြုချက်များ ရယူခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

အဆိုပါ နည်းဥပဒေ မူကြမ်းကို ၂၀၁၈ မကုန်ခင် ပြည်ထောင်စုကို တင်ပြနိုင်ရန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.