Connect with us

Myanmar

ပြည်တွင်းလျှပ်စစ်ဓာတ်အား ထောက်ပံ့မှုအတွက် စွမ်းအင်စီမံကိန်းများ အရှိန်မြှင့်တင်ဆောင်ရွက်မည်

ရန်ကုန်မြို့ရှိ သာကေတ သဘာ၀ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ၌ လုပ်ကိုင်နေသည့် အလုပ်သမားတစ်ဦအား ၂၀၁၈ ခုနှစ် မတ်၁၇ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ)

ပြည်တွင်းလျှပ်စစ်ဓာတ်အား ထောက်ပံ့မှုအတွက် ဟိုက်ဒရိုကာဗွန် နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်တင်ရန် လုပ်ဆောင်လျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန နှင့် ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနတို့က ယနေ့ (ဧပြီ ၂၁ ရက်)တွင် ထုတ်ပြန်သော ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် ရှိပြီးသားအဆောက်အအုံများအား အသုံးပြုရန် ပြောင်းလဲခြင်းကဲ့သို့သော လုပ်ဆောင်မှုများ ၊ အစုစပ်စီးပွားရေးလုပ်ငန်း နှင့် ရင်းနှီးမြှုပ်နှံမှုအသစ်များမှတစ်ဆင့် ရေနံ နှင့် ဓာတ်ငွေ့အရင်းအမြစ်များမှ နိုင်ငံတွင်းရှိ ဓာတ်အားထုတ်လုပ်ရေး တိုးလာနိုင်မည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းပူးတွဲကြေညာချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)သည် နိုင်ငံတွင်း လျှပ်စစ်ဓာတ်အားထောက်ပံ့မှု တိုးတက်ကောင်းမွန်စေရေးအတွက် ပျက်စီးသွားသည့် လျှပ်စစ်ဓာတ်အား အခြေခံအဆောက်အအုံအား ပြုပြင်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတွင်း လတ်တလော လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မှုသည် ကမ္ဘာတစ်ဝှမ်း သဘာဝဓာတ်ငွေ့ရည်(LNG)ဈေးနှုန်း မြင့်တတ်မှုကြောင့် ဖြစ်သလို ရုရှား-ယူကရိန်း ပဋိပက္ခ နှင့် ကျပ်ငွေတန်ဖိုး အားပျော့သွားခြင်းတို့ကြောင့် ပိုမိုဆိုးရွားစေခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် ၁,၃၉၀ မဂ္ဂါဝပ် မီးလင်းချိုင် စီမံကိန်း အပါအဝင် အဓိကစွမ်းအင်စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံနှင့်အတူ အတူတကွလုပ်ဆောင်လျက် ရှိကြောင်းလည်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်နီးချင်း နှင့် အဓိက စီးပွားရေးမိတ်ဖက်ဖြစ်သည့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများတွင် ပို၍အရေးပါသောအခန်းကဏ္ဍတစ်ခုတွင် ပါဝင်မည် ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ၄၀ မဂ္ဂါဝပ် လက်ပံလှ နှင့် ၃၀ မဂ္ဂါဝပ် ညောင်ပင်ကြီး ဆိုလာစီမံကိန်းများအပါအဝင် ဆိုလာလျှပ်စစ်စီမံကိန်းများ ဖော်ဆောင်ပြီးနောက် ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးလာခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.