Connect with us

Culture & Entertainment

သုံးနှစ်ကြာရပ်နားခဲ့သည့် တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော် စတင်ကျင်းပ

တောင်ကြီးတန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်တွင်မီးပုံးပျံပွဲတော်ကျင်းပနေစဉ် (ဓာတ်ပုံ--ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်း)

ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

သုံးနှစ်ကြာရပ်နားခဲ့သည့် တောင်ကြီးမြို့တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့ ညပိုင်းက တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းမှာ စတင်ကျင်းပခဲ့ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ပြောသည်။

တောင်ကြီးတန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်တွင်မီးပုံးပျံပွဲတော်ကျင်းပနေစဉ် (ဓာတ်ပုံ–ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်း)

တောင်ကြီးတန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်တွင်မီးပုံးပျံပွဲတော်ကျင်းပနေစဉ် (ဓာတ်ပုံ–ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်း)

တောင်ကြီးတန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်တွင်မီးပုံးပျံပွဲတော်ကျင်းပနေစဉ် (ဓာတ်ပုံ–ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်း)

“ဖွင့်ပွဲနေ့မှာ ကျွန်တော်တို့ မီးပုံးပျံစုစုပေါင်း အလုံး ၂,၈၀၀ လွှတ်တင်ခဲ့ပါတယ်။ ဒီနေ့ နိုဝင်ဘာ ၂၂ ရက်မှာတော့ နေ့လွှတ်မီးပုံးပျံကို နေ့လယ် ၁ နာရီကနေ ညနေ ၄ နာရီအထိ ၁၀ လုံးလွှတ်မှာပါ။ ညလွှတ်အစီအစဉ်ကတော့ ဒီနေ့ည ၆:၃၀ နာရီကနေ ပွဲစဉ်ပြီးဆုံးတဲ့အထိ ၉ လုံးလွှတ်တင်သွားဖို့ရှိပါတယ်” ဟု ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုနှစ်အပါအဝင် (၇၁)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် မီးပုံးပျံပွဲမကျင်းပနိုင်ခဲ့ကြောင်း၊ ယခုနှစ် တန်ဆောင်တိုင်ပွဲတော်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်အထိ ခုနစ်ရက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
“ဒီနှစ်ကတော့ လုံခြုံရေးကို အဓိကထားတဲ့အတွက် ကွင်းအဝင်အထွက်မှာ နည်းနည်းလေး စစ်ဆေးတာမျိုးရှိတော့ လာတဲ့ ပရိသတ်တွေက တန်းစီရတာနည်းနည်းလေးကြာတာတော့ ရှိပါတယ်။ သူ့ဟာနဲ့ သူတော့ ပွဲကိုလာရောက်ကြတဲ့ ပရိသတ်တွေက ရှိနေပါတယ်” ဟု အဆိုပါတာဝန်ရှိသူကပြောသည်။

ပွဲတော်ကာလအတွင်း၊ မြို့လုံးကျွတ် ဘုံကထိန် ပဒေသာပင်လှည့်လည်ပွဲ၊ မသိုးသင်္ကန်းရက်လုပ် ပူဇော်ပွဲ၊ နေ့လွှတ်မီးပုံးပျံပြိုင်ပွဲ (တစ်ကောင်ချင်း/အုပ်စုအရုပ်)၊ ယမ်းမီးကြီးညလွှတ် မီးပုံးပျံပြိုင်ပွဲနှင့် စိန်နားပန် မီးပုံးပျံပြိုင်ပွဲများကို ကျင်းပပေးသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
“ဒီနှစ်အခက်အခဲက သုံးနှစ်ရပ်နားထားပြီးမှ ပြန်ကျင်းပတာဖြစ်တဲ့အတွက် ၂၀၁၉ တုန်းကလိုတော့ ဘယ်ဟုတ်မလဲ။ ရိုးရာမပျောက်ပျက်အောင် ထိန်းသိမ်းတဲ့အနေနဲ့ ပြန်ပြီး ကျင်းပတာဖြစ်တဲ့အတွက် ၁၀၀ ရာခိုင်နှုန်းမဟုတ်ရင်တောင် ၈၅ ရာခိုင်နှုန်းလောက်တော့ ရှိပါတယ်။ ဒီလိုပွဲကျင်းပတဲ့အတွက် ဒီဒေသမှာ အခြေခံလူမှုစီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်မယ်။ ဒေသထွက်ကုန်တွေ မြှင့်တင်တယ်။ ခရီးသွားလာမှု မြှင့်တင်တယ်ပေါ့” ဟု အဆိုပါတာဝန်ရှိသူကပြောသည်။
၇ ရက်တာကာလအတွင်း မီးပုံးပျံအလုံးရေ နေ့လွှတ်ပြိုင်ပွဲ ၆၃ လုံး၊ ညလွှတ်ပြိုင်ပွဲအတွက် ၆၃ လုံး လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.