Connect with us

Environment, Disasters & Accidents

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ပြုန်းကျေးရွာအုပ်စု၊ နန်းကြီးကျေးရွာ၌ မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၁၀ လုံးကျော် ပျက်စီးဆုံးရှုံး

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ပြုန်းကျေးရွာအုပ်စု၊ နန်းကြီးကျေးရွာတွင် ဒီဇင်ဘာ ၇ ရက်က မီးလောင်မှု ဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ- မဏီစလလူမှုကူညီရေးအသင်း)

ရန်ကုန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ပြုန်းကျေးရွာအုပ်စု၊ နန်းကြီးကျေးရွာ၌ မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၁၁လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း မဏီစလလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၈ ရက်တွင်ပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ပြုန်းကျေးရွာအုပ်စု၊ နန်းကြီးကျေးရွာတွင် ဒီဇင်ဘာ ၇ ရက်က မီးလောင်မှု ဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ- မဏီစလလူမှုကူညီရေးအသင်း)

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ပြုန်းကျေးရွာအုပ်စု၊ နန်းကြီးကျေးရွာတွင် ဒီဇင်ဘာ ၇ ရက်က မီးလောင်မှု ဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ- မဏီစလလူမှုကူညီရေးအသင်း)

အဆိုပါ မီးလောင်မှုမှာ ဒီဇင်ဘာ ၇ ရက် နေ့လယ် ၁၁:၄၀ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ပြီး နေ့လယ် ၁၂: ၄၀ နာရီတွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မဏီစလလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက “ကျွန်မတို့အသင်းရဲ့ မီးသတ်ယာဉ်တစ်စီးနဲ့ သွားရောက်ပြီး မီးငြှိမ်းသတ်ရာမှာ ကူညီပေးခဲ့ပါတယ်။ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့နဲ့အတူ ကူညီမီးငြှိမ်းသတ်ခဲ့ပါတယ်။ ကနဦးသတင်းအရ ထိခိုက်ဒဏ်ရာရရှိသူတို့ သေဆုံးသူတို့ မရှိဘူးလို့ သိရပါတယ်” ဟု ပြောသည်။

မဏီစလလူမှုကူညီရေးအသင်းအနေဖြင့် မီးကူးစက်နိုင်သည့် အိမ်များကို ရေလောင်းပေးခြင်း၊ ပစ္စည်းပိမိနေသူများကို ကူညီကယ်ထုတ်ခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း ၎င်းတာဝန်ရှိသူကဆိုသည်။
မီးလောင်မှုဖြစ်စဉ်မှာ ဦးကျော်ရဲအောင် ၃၁ နှစ်(ဘ)ဦးဟန်ညွန့်၏ ထရံကာသွပ်မိုး နှစ်ထပ် နေအိမ်တွင် သားဖြစ်သူ ငါးနှစ်ကလေးက မီးခြစ်ဖြင့် ကစားရာမှ နေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်း မွေ့ရာပေါ်မှစ၍ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အခြားနေအိမ်များသို့ ကူးစက်လောင်ခဲ့ရာ နေအိမ် ၁၁ လုံး ဆုံးရှုံးခဲ့ကြောင်း ဒီဇင်ဘာ ၈ ရက်ထုတ် နိုင်ငံပိုင်မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ အရေးယူဆောင်ရွက်နိုင်ရန် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။ (Xinhua)