Connect with us

Politics, Law & Military

ခေတ်နှင့်လျော်ညီသော ရှေ့နေများ ကောင်စီဥပဒေသစ် ရေးဆွဲပြီ

မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများ အသင်း ပြန်ကြားရေးမှူး တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော် မီဒီယာသို့ ဖြေကြားနေစဉ်။

နေပြည်တော်၊ အောက်တိုဘာ ၂၄ ရက်(ဆင်ဟွာ)

ခေတ်နှင့် လျော်ညီပြီး ရှေ့နေများ၏ အကျိုးကာကွယ်ခွင့်၊ လုပ်ပိုင်ခွင့်များ ရရှိမည့် ‘ရှေ့နေလိုက်သူ များနှင့် ရှေ့နေများ ကောင်စီဆိုင်ရာ ဥပဒေ (Legal Practitioner Act and Barr Council Act)’ အမည်ရှိ ဥပဒေသစ်တစ်ရပ် ရေးဆွဲထားပြီးဖြစ်သည်ဟု မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများ အသင်း ပြန်ကြားရေးမှူး တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ယနေ့ပြောကြားခဲ့သည်။

အဆိုပါ ဥပဒေအသစ်ကို မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများ အသင်း  (Independent Lawyers Association in Myanmar) ဥက္ကဋ္ဌ တော်ဝင် ဦးခင်မောင်သန်းက အဓိက တာဝန်ယူ ရေးဆွဲပြီး ရှေ့နေချုပ်ရုံးမှ ဥပဒေရေးဆွဲရေး ပညာရှင်တစ်ဦးလည်း ပါဝင်ကာ အဆိုပါ ဥပဒေအသစ် ပေါ်ပေါက် လာရေးအတွက်  ရှေ့နေချုပ်ရုံးနှင့်ပါ ညှိနိုင်းထားခဲ့ကြောင်း၊ သို့ရာတွင် ယခုနောက်ပိုင်းမှာ ရှေ့နေ ချုပ်ရုံးကလည်း သီးခြား ဥပဒေတစ်ခု လွှတ်တော်သို့ တင်ဖို့ အစီအစဉ်များ ဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့အနေဖြင့် ယခု ရေးဆွဲပြီးသော ဘားကောင်စီ အက် ဥပဒေအသစ်ကို တစ်နိုင်ငံလုံးမှ  ရှေ့နေကြီး ၅၀ ယောက်အား နေပြည်တော်သို့ ဖိတ်ခေါ်ပြီး ချပြသွားမည်ဖြစ်ကြောင်း၊ ဥပဒေသစ် အပေါ် သူတို့၏ သဘောထားများကို ရယူကာ အတည်ပြုပြီးသည်နှင့် လွှတ်တော်သို့ တင်သွင်း မည်ဖြစ်ကြောင်း၊ အဓိက ရည်ရွယ်ချက်က ခောတ်နှင့် လျော်ညီသည့် ဘားကောင်စီဥပဒေ ပေါ်ပေါက် လာပြီး  ရှေ့နေများ၏ လုပ်ပိုင်ခွင့်နဲ့ ရှေ့နေများ၏ အကျိုး ကာကွယ်ခွင့်များ ရရှိလာရေးအတွက် ဖြစ်ကြောင်း၊  ဘားကောင်စီ အက်(Barr Council Act) နှင့် Legal Practitioner Act  တို့ကို ပေါင်းပြီး အသစ် ပြင်ဆင်ရေးဆွဲထား ဖြစ်ကြောင်း ဦးခင်မောင်ဇော်က ရှင်းလင်း ဖြေကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.