Connect with us

Politics, Law & Military

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ကျပ်သိန်း ၅၀၀၀ ကျော်ဖိုးတန်ဖိုးရှိသည့် ထိန်းချုပ်ဓါတုပစ္စည်းများ ဖမ်းဆီးရမိ

သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများအားတွေ့ရစဉ် (ဓာတ်ပုံ-- CCDAC)

ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ကျပ်သိန်း ၅၀၀၀ ကျော်ဖိုးတန်ဖိုးရှိသည့် ထိန်းချုပ်ဓါတုပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ ကယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၅ ရက် ၂၃း၄၅ နာရီ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၁၇)မန္တလေး(တောင်)မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင်ကျောက်ချောစစ်ဆေးရေးစခန်း ၌ ရှမ်းပြည်နယ်၊ လားရှိုးမြို့နေ စိုင်းအောင်မင်း(ခ) သားကြီး(၃၃)နှစ်မောင်းနှင်လာသည့် ၁၂ ဘီးယာဉ်အား စစ်ဆေးရာ ၎င်းယာဉ်ပေါ်မှ Hydrobromic Acid တံဆိပ်ပါ ပလပ်စတစ်ပေပါပုံးများဖြင့် ထည့်လျက် အက်စီတုန်း အရည် ၃၇၅၀ လီတာ (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၁၂၅ သိန်း)၊ Thinner တံဆိပ်ပါသံပေပါများဖြင့် ထည့်လျက် အီသိုင်းအီသာအရည် ၃၀၀၀ လီတာ(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၇၅ဝ သိန်း)၊ Potassium Borohydride တံဆိပ်ပါ သံပေပါများဖြင့်ထည့်လျက် ပိုတက်စီယမ်အမှုန့် ၁၀၀၀ ကီလို(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၄ဝဝ သိန်း)၊ ယာဉ်နံပါတ်ပြား ၂ ခုနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ပြင်စာနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.