Politics, Law & Military
မော်တော်ယာဉ်များမီးလောင်ပါက အရင်ဆုံးလုပ်သင့်သည့် အချက်များအား လက်ကမ်း စာစောင်များပြုလုပ်၍ ကားဝင်းများ၌ ဝေငှသွားမည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)
ယခုအခါ ရန်ကုန်မြို့တွင်း၌ မော်တော်ယာဉ်များ မီးလောင်မှုဖြစ်ပွားလာခြင်း ကြောင့် မော်တော် ယာဉ်မီးလောင်လျှင် အရင်ဆုံးလုပ်သင့်သော အချက်အလက်များပါဝင်သည့် ပညာပေး လက်ကမ်းစာစောင်များကို ကားဝင်းများ၌ လိုက်လံဝေငှကာ အသိပညာ ပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြောက်ပိုင်း ခရိုင် အမှတ်(၉) ယာဉ်ထိန်းရဲ ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
နောက်ပိုင်းတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကလည်း မော်တော်ယာဉ်များကို စစ် ဆေးရာတွင် မော်တော်ယာဉ်များ၏ ဝါယာရင်းအပိုင်းကိုပါ ထည့်သွင်းစစ်ဆေး သွားရန် ရှိကြောင်း၊ မော်တော်ယာဉ် မီးလောင်မှုမှာ အကြောင်း အမျိုးမျိုးကြောင့်ဖြစ်သော်လည်း ယာဉ်ပိုင် ရှင်များ၏ ထိန်းသိမ်း စောင့်ရှောက်မှုများမှာ အဓိကကျသောကြောင့် ယခု ကဲ့သို့ အသိ ပညာပေး လက်ကမ်းစာစောင်များ ဝေငှပြီး မော်တော်ယာဉ် မီးလောင်မှု မရှိစေရန် ဆောင် ရွက်မည် ဖြစ် ကြောင်း သိရသည်။ (Xinhua)