Connect with us

Politics, Law & Military

မြန်မာ-ထိုင်း နှစ်နိုင်ငံ ကဏ္ဍတချို့ ပူးပေါင်းဆောင် ရွက်ရေးဆွေးနွေး

ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် နှင့် နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ--နိုင်ငံတော်အတိုင်ပင်ခံရုံး)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့ သည် မြန်မာ-ထိုင်း နှစ်နိုင်ငံ ခရီးသွား ကဏ္ဍပိုမိုမြှင့်တင် ဆောင်ရွက်ရေး၊ နယ်စပ်ကုန်သွယ်မှုကဏ္ဍ ပိုမိုတိုးမြှင့်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးအတွက် နှစ်နိုင်ငံပိုမို ပူးပေါင်းဆောင်ရွက်သွားရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေး နွေးခဲ့ကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။

နှစ်နိုင်ငံဆွေးနွေးပွဲအပြီးတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် ထားဝယ်အထွေထွေရောဂါကုဆေးရုံ အရေးပေါ်ဌာန အဆင့်မြှင့်တင်ရေး စီမံချက် နားလည်မှုစာချွန်လွှာ၊ ငါးလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည် မှုစာချွန်လွှာနှင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အဆင်ပြေစွာ ငွေလွှဲပို့နိုင်ရန် မြန်မာ့ စီးပွားရေး ဘဏ်နှင့် Krung Thai Bank တို့အကြားချုပ်ဆိုသည့် ငွေကြေး လွှဲပြောင်းမှုဆိုင်ရာ သဘောတူ စာချုပ်တို့ကို နှစ်နိုင်ငံ အဆင့်မြင့်အရာရှိကြီးများက အပြန်အလှန် လက်မှတ်ရေးထိုးလဲ လှယ်ခဲ့ကြကြောင်း သိရသည်။

နှစ်နိုင်ငံဆွေးနွေးပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဦးသိန်းဆွေ၊ ဦးအုန်းမောင်၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြပြီး ဧည့်သည်တော် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် အတူ ထိုင်းနိုင်ငံ အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်း သံအမတ်ကြီးနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောကခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.