Connect with us

Politics, Law & Military

မြန်မာနိုင်ငံတွင် အာရှ-ပစိဖိတ် ရေညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် သဘောတူ

တတိယအကြိမ် အာရှ-ပစိဖိတ် ရေညီလာခံ ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပနေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

တတိယ အကြိမ် အာရှ-ပစိဖိတ် ရေညီလာခံကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပရေးနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၈/ ၂ဝ၁၇) တွင် ဆွေးနွေး သဘောတူညီခဲ့ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

တတိယအကြိမ် အာရှ-ပစိဖိတ် ရေညီလာခံကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှ ၁၂ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ တတိယအကြိမ် အာရှ-ပစိဖိတ် ရေညီလာခံ ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ရန်ကုန်မြို့ တော်ဝန် ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရေနှင့်ဆက်နွှယ်သည့် လုပ်ငန်းဆောင် ရွက်မှု တစ်ခုဖြစ်သည့် တတိယအကြိမ် အာရှ-ပစိဖိတ် ရေညီလာခံကို အမျိုးသားအဆင့် ရေအရင်း အမြစ်ကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရတို့က တာဝန်ယူ၍ သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ အဖွဲ့အစည်း များနှင့် ပူးပေါင်းကျင်းပသွားမည် ဖြစ်ကြောင်း၊ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီက ကြီးမှူးဆောင်ရွက်လျက်ရှိသည့် အမျိုးသားအဆင့် ရေမူဝါဒနှင့် ဆက်နွှယ်သည့် လုပ်ငန်းများနှင့် မိုးရေခံ လှုပ်ရှားမှု ဆက်လက်ဆောင်ရွက်ရေး၊ ရေကြီးရေလျှံမှု လျော့ပါးသက်သာရေး၊ ရေထုညစ် ညမ်းမှုထိန်းချုပ်ရေးတို့နှင့် ဆက်နွှယ်သည့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်း ပံ့ပိုးကူညီ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း အဆိုပါ အစည်းအဝေးထံမှ သိရသည်။

အာရှ-ပစိဖိတ် ရေညီလာခံကို ဒေသတွင်း နိုင်ငံ့ခေါင်းဆောင်များမှ အနာဂတ် ရေဖူလုံစေရေး စိန်ခေါ်မှုများကို ဆွေး နွေးအဖြေရှာရန်၊ အာရှ-ပစိဖိတ်ဒေသအတွင်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် အိမ်ရှင်နိုင်ငံအတွက် ရေရှည်ဖွံ့ဖြိုးမှု ရည်မှန်းချက်များ အကောင်အထည်ဖော်ရေးကို ဝိုင်းဝန်းကူညီကြရန် စသည့်ရည်ရွယ်ချက်များဖြင့် ၂ဝဝ၇ခုနှစ်မှ စတင်၍ ခြောက်နှစ်လျှင် တစ်ကြိမ် ကျင်းပခြင်းဖြစ်ပြီး ပထမအကြိမ် အာရှ-ပစိဖိတ် ရေညီလာခံကို ၂ဝဝ၇ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ လည်းကောင်း၊ ဒုတိယအကြိမ် ညီလာခံကို ၂ဝ၁၃ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ လည်းကောင်း ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.