Connect with us

Politics, Law & Military

မြန်မာနိုင်ငံ လွှတ်တော် ဆိုင်ရာအဖွဲ့ (MPU) အား ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့် အတည်ပြု ဖွဲ့စည်း

ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ (Myanmar Parliamentary Union – MPU)အား ဥက္ကဋ္ဌ အဖြစ် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း အပါအဝင် အဖွဲ့ဝင် ၁၈ ဦး ဖြင့် ဖွဲ့စည်းကြောင်း ယနေ့မတ် ၁ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အတည်ပြု ကြေညာခဲ့သည်။

မြန်မာနိုင်ငံ လွှတ်တော် ဆိုင်ရာအဖွဲ့ (MPU) ဖွဲ့စည်းခြင်း နှင့် ပတ်သက်၍ ယနေ့ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်၏ သဘောဆန္ဒရယူခဲ့ရာ သဘောမတူသူ မရှိသဖြင့် အတည်ပြု ဖွဲ့စည်းကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ လွှတ်တော် ဆိုင်ရာအဖွဲ့ (MPU) ၏ ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်း ခိုင်သန်း ၊ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ၊ အတွင်းရေးမှူး အဖြစ် ပြည်ထောင်စု လွှတ်တော် ၊ ဒုတိယ နာယက ဦးအေးသာအောင် အပါအဝင် အဖွဲ့ဝင်များ အဖြစ် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုမှ လွှတ်တော် ဥက္ကဋ္ဌများ ပါဝင်၍ ဖွဲ့စည်းခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.