Connect with us

Science & Technology

မီးရထား စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)မှ တစ်နှစ်လျှင် စက်ခေါင်း ၂၀ခေါင်း ထုတ်လုပ်နိုင်မည်

စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)အားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

မီးရထား စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) တည်ဆောက်မှုပြီးစီးပါက တစ်နှစ်လျှင် စက်ခေါင်း ၂၀ခေါင်း ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

စက်ခေါင်းသစ် တပ်ဆင် ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်)မှ စက်ခေါင်းများတပ်ဆင် ထုတ်လုပ်နိုင်ရန် စက်ခေါင်း(၁၀)ခေါင်းအတွက် ပစ္စည်းများရောက်ရှိနေပြီ ဖြစ်ကြောင်း၊ စက်ခေါင်း အဆောက်အဦ တည်ဆောက်မှုသည်လည်း ၉၃ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း၊ မတ်လ ၂၆ ရက်တွင် စက်ခေါင်း တပ်ဆင်တည်ဆောက်ခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်နေပြီး ဇွန်လကုန် တွင် စက်ခေါင်းသစ် (၁)ခေါင်းတပ် ဆင်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံမှာ ၂၀၁၅ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် စီမံကိန်း လုပ်ငန်းများ စတင်ခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလကုန်ခန့်တွင် စီမံကိန်း လုပ်ငန်းများအားလုံး ပြီးစီးမည်ဟု သိရသည်။

စက်ရုံ ဧရိယာမှာ ၁၈ ဧကရှိ၍ ပင်မစက်ရုံနှင့် အထောက် အကူပြု အဆောက်အဦ(၁၄)လုံး ပါရှိပြီး သံကူကွန်ကရစ် အမျိုးအစားဖြင့် အုတ်မြစ်ချ၍ Steel Stacture, Steel Sheet အမျိုးအစားဖြစ်ကြောင်း၊

၎င်းစက်ရုံတွင် မြန်မာ့မီးရထားနှင့် CRRC Dalian ကုမ္ပဏီအဖွဲ့နှင့် ပူးပေါင်းကာ မြင်းကောင်ရေအား (၂၀၀၀) ကွန်ပျူတာ ထိန်းချုပ်စနစ် ပါဝင်သော ဒီဇယ်လျှပ်စစ် စက်ခေါင်းများကို တပ်ဆင်ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.