Connect with us

Science & Technology

၂၀၁၆-၂၀၁၇ ခုနှစ် Huawei ကုမ္ပဏီ၏ CSR အစီရင်ခံစာ ထုတ်ပြန်

Huawei ကုမ္ပဏီ၏ CSR အစီရင်ခံစာ ထုတ်ပြန်သော အခမ်းအနားအားတွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

၂၀၁၆-၂၀၁၇ ခုနှစ် Huawei ကုမ္ပဏီ၏ လူမှုတာဝန်သိမှု အစီရင်ခံစာ(CSR)ကို ယနေ့ အောက်တိုဘာ ၂၈ ရက်နေ့ နံနက်တွင် စတင်ထုတ်ပြန်ခဲ့ကြောင်း Huawei Technologies (Yangon) Co.,Ltd ၏ CEO ဖြစ်သူ Mr.Zhang Limanက ပြောကြားသည်။

အဆိုပါ အစီရင်ခံစာတွင် ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း Huawei ကုမ္ပဏီ၏ ပရဟိတလှုပ်ရှားမှုအကျဉ်းချုပ်များ ပါဝင်ပြီး Huawei ကုမ္ပဏီအနေဖြင့် ဒစ်ဂျစ်တယ်ခွဲခြားမှု ပေါင်းကူးပေးခြင်း၊ ဝေးလံံခေါင်ဖျားသော ဒေသတွင် mptပရောဂျက်အား ပံ့ပိုးပေးခြင်း၊ကွန်ယက်တည်ငြိမ်ချောမွေ့စွာ လည်ပတ်နိုင်အောင် ဆောင်ရွက်ခြင်း၊ ပင်လုံအစည်းအဝေးတွင် ဆက်သွယ်ရေး ဝန်ဆောင်မှု ရရှိရေးအတွက် ပံ့ပိုးခြင်း၊ Huawei Deviceများ ထုတ်လုပ်ရာတွင် ထိခိုက်မှုနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု နည်းပါးအောင် ထုတ်လုပ်ခြင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင်ချက်များစွာ လုပ်ဆောင်မှုများ ထည့်သွင်းထားကြောင်း သိရသည်။

၂၀၁၆မှ ၂၀၁၇ ခုနှစ်ထိ Huawei ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် လုပ်ကိုင်ဆောင်ရွက်ခဲ့သော ပရဟိတများသည် အကြိမ်ရေ ၁၅ကြိမ်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၆.၈သိန်းကျော် သုံးစွဲ လှူဒါန်းခဲ့ကြောင်း CSR အစီရင်ခံစာတွင် ဖော်ပြထားသည်။

ICTထူးချွန်လူငယ် အယောက် ၁၅၀၀ကျော် မွေးထုတ်ပေးခဲ့ပြီး အယောက် ၂၀၀ကျော်ကို Huaweiမှ အသိမှတ်ပြုလက်မှတ် ချီးမြှင့်ထားကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ပရဟိတအစီအစဉ်အဖြစ် ရန်ကုန်မြို့တွင် ထင်ရှားသော တက္ကသိုလ် ၂ခုမှ ကျောင်းသား ၁၀ဦးအား ရွေးချယ်ကာ တရုတ်နိုင်ငံသို့ လေ့လာရေးခရီး ပို့ဆောင်ပေးကာ အခြားနိုင်ငံများမှ ကျောင်းသားများကဲ့သို့ ကမ္ဘာ့ထိပ်တန်း အိုင်စီတီနည်းပညာများကို သင်ယူခွင့် ပြုပေးခဲ့ကြောင်း Huawei Technologies (Yangon) Co.,Ltd ၏ CEO ဖြစ်သူ Mr.Zhang Limanက ဆိုသည်။

အိုင်စီတီ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများကို ထောက်ပံ့သော ကမ္ဘာ့ဦးဆောင် ကုမ္ပဏီတစ်ခုအနေဖြင့် Huawei ကုမ္ပဏီသည် ၂၀၁၃ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် လုပ်ငန်းတာဝန်များကို စတင်လုပ်ဆောင်ခဲ့ရာတွင် အောင်မြင်သော လက်မှတ်များရရှိခဲ့ကြောင်း၊ အဆိုပါ ကုမ္ပဏီသည် မြန်မာပြည်သူများအတွက် အသက်မွေးဝမ်းကြောင်းနှင့် အလုပ်အကိုင်များစွာ ဖန်တီးပေးခဲ့သောကြောင့် မြန်မာနိုင်ငံတွင် တောက်ပံသော အမှတ်တံဆိပ်ဖြစ်လာကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး Mr Hong Liangက CSR အစီရင်ခံစာ မိတ်ဆက်ပွဲ အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

မြန်မာနိုင်ငံတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ရင်းနှီးမြှုပ်နံှသည့် ကုမ္ပဏီများ နှစ်စဉ်တိုးပွားလာပြီး တရုတ်ကုမ္ပဏီများမှ မြန်မာနိုင်ငံတွင် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုအပြင် ပညာရေး၊ ကျန်းမားရေး၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေး စသည့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများတွင် မြန်မာနိုင်ငံသားများနှင့် တစ်သားထဲဆောင်ရွက်နေသည်ကို ဝမ်းမြောက်ဝမ်းသာ တွေ့မြင်နေရကြောင်း သံအမတ်ကြီးက ဆိုသည်။

CSR အစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး Mr Hong Liang၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန(ရန်ကုန်တိုင်းဒေသကြီး)မှ ဦးမြင့်သောင်း၊ ပညာရေးဝန်ကြီးဌာနမှ ဦးဝင်းခိုင်မိုးနှင့် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်မှ ကျောင်းသူကျောင်းသားများ တက်ရောက်ခဲ့သည်။(Xinhu)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.