Connect with us

Social

ရန်ကုန်မြို့တွင်  နေ့စဉ် ရေဂါလံ ၂၀၅ သန်း ဖြန့်ဖြူးပေးဝေလျက်ရှိ 

ရေပုံးများသယ်ဆောင်နေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့၌  လက်ရှိတွင် နေ့စဉ်နေ့တိုင်း လှော်ကားကန် မှ ရေဂါလန် ၁၄ သန်း၊ ဂျိုးဖြူ ကန်မှ  ဂါလန် ၂၇ သန်း၊ ဖူးကြီးကန်မှ  ဂါလန်  ၅၄ သန်း၊ ငမိုးရိပ်ရေသန့်စင်စက်ရုံ မှ  ရေဂါလန်  သန်း ၉၀ နှင့် မြေအောက်အဝီစိတွင်းပေါင်း ၄၉၅  တွင်းမှ ဂါလန်သန်း ၂၀  စုစုပေါင်း ရေဂါလန်  ၂၀၅ သန်း အား ဖြန့်ဝေပေးလျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်း  မှ သိရသည်။ 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်း  မှ တာဝန်ခံအဖွဲ့ဌာနမှူး    (ဒုတိယ ညွှန်ကြားရေးမှူးချုပ်)   ဦးမြင့်ဇော်သန်း က “ဂျိုးဖြူရေပေးရေးစနစ်မှာက တစ်ရက်ကိုရေဂါလန်   ၂၇  သန်းသာ   ပေးဝေနိုင်တာမို့ အားလုံးမျှသုံးလာရတဲ့    အခြေအနေကြောင့် အချိန်ပိုင်း   ရေပေးဝေရေးစနစ်   ဖြစ်ပေါ်လာတယ်။ အဲဒါကြောင့် မြေအောက်ရေ နဲ့ ရေပေးဝေတဲ့ စနစ်ကိုလည်း ကျင့်သုံးခဲ့ရတယ်။’’ ဟု ပြောသည်။

ထို့ပြင် နောက်ထပ်ရလာနိုင်မည့် ရေအရင်းအမြစ်များမှ တစ်ဆင့် ရေပေးဝေနိုင်ရေးအတွက် Master Plan များရေးဆွဲပြီးဖြစ်ကြောင်းဆိုသည်။  ၂၀၂၅ ခုနှစ်၌  စီမံကိန်း ပြီးစီးမည်ဖြစ်ကြောင်း၊ ၎င်းအချိန်တွင်      ရေပေးဝေ ရေးဇုန် ၁ ဖြစ်သော Downtown Area  အပြင်  မြို့နယ် ၁၄ မြို့နယ်ကိုပါ  ရေအပြည့်အ၀ ပေးဝေသွားနိုင်တော့မည်ဖြစ်ကြောင်း၊  အဆိုပါစီမံကိန်း ၏ ပထမအဆင့်တွင်    တစ်ရက်လျှင်  ရေဂါလန်      သန်း  ၆၀ အထိ ရေပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။အဆိုပါစီမံကိန်း မှာ စတုတ္ထအဆင့် အထိ သွားမည်ဖြစ်သည့် အတွက် စီမံကိန်းစတုတ္ထအဆင့်ပြီးဆုံးပါက နေ့စဉ် ပြည့်ပြည့်ဝဝ ရေပေးဝေသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။  

စီမံကိန်းများ မပြီးသေးမီ အချိန် ၌   ရရှိထားပြီးဖြစ်သည့်  ရေများကို အချိန်ပိုင်း     မျှဝေသုံးစွဲကြရန် နှင့်  ရရှိပြီးသားရေများကို   အကျိုးရှိရှိ   အသုံးပြုကြစေချင်ကြောင်း ၎င်းကဆိုသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.