Connect with us

Social

ယခုရက်ပိုင်းတွင် YBS စီးနင်းသူဦးရေ ၁ သိန်းခန့်လျှော့သွားကြောင်းဆို

နှာခေါင်းစည်းဖြင့် ဘတ်စ်ကားစီးနင်းသူတစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

ယခုရက်ပိုင်းတွင် COVID-19 အတည်ပြုလူနာသစ်တွေ့ရှိမှု များလာသည့် နောက်ပိုင်း YBS ခရီးသည်တင်ယာဉ်စီးနင်းလိုက်ပါသူ ဦးရေသည် သြဂုတ် ၂၁ ရက် တွင် ၁၂ သိန်းကျော်ရှိခဲ့ရာမှ သြဂုတ် ၂၅ ရက် တွင် ၁၁ သိန်းကျော်သာ ရှိတော့ကြောင်း ၊  ရက်ပိုင်း အတွင်း YBS စီးနင်းသူဦးရေ ၁ သိန်းလျော့နည်းသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူးဦးလှအောင် က ဆင်ဟွာသို့ ယနေ့ သြဂုတ် ၂၆ ရက်တွင်ပြောကြားခဲ့သည်။ 

“ဒီရက်ပိုင်းမှာ YBS စီးနင်းသူဦးရေက လျော့သွားတယ်။ အဲ့ဒါကိုကိုကြည် ရင် ပြည်သူလူထုက သွားလာမှု ကိုလည်းထိန်းထိန်းသိမ်းသိမ်း သွားလာကြတဲ့သဘောဖြစ်တယ်”ဟု ၎င်းကဆိုသည်။ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ YBS  ခရီးသည်တင်ယာဉ်များ စီးနင်းရာတွင် COVID-19   ရောဂါ       ကာကွယ်ရေး အတွက်     ခရီးသွားပြည်သူများ အနေဖြင့်    ပါးစပ်     နှာခေါင်းစည်း တပ်ဆင်စီးနင်းရန်    အသိပညာပေး လှုပ်ရှားမှုကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့နှင့် YBS ယာဉ်လိုင်း/ ကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

“ကျွန်တော်တို့ အနေနဲ့ ယာဉ်လိုင်းတွေပေါ်မှာ  Social Distancing မလုပ်နိုင်တဲ့အခါ တကိုယ်ရည်ကာကွယ်မှု ကိုတိုးမြှင့်လုပ်ဆောင်ပေးနေတယ်။ နှာခေါင်းစည်းဝေတာတွေ၊ လက်သန့်ဆေးရည်တွေ နဲ့ ဆေးခိုင်းတာတွေ ကိုYBS ယာဉ်လိုင်းတွေ မှာ ဆောင်ရွက်ပေးနေပါတယ်။” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

ယခုရက်ပိုင်းတွင် YBS စီးနင်းကြသူအားလုံးနီးပါး နှာခေါင်းစည်းများ ပြန်လည် တပ်ဆင်လာကြသည်ကိုတွေ့ရကြောင်း ၎င်းက ဆိုသည်။ သြဂုတ် ၂၅ ရက်တွင်  YBS ပြေးဆွဲလမ်းကြောင်း (၁၂၈) လိုင်းမှ မော်တော်ယာဉ်စီးရေ (၄,၀၁၂) စီးပြေးဆွဲခဲ့ပြီး လိုက်ပါစီးနင်းသူခရီးသည်ဦးရေ ၁၁ သိန်းကျော် ရှိကြောင်း သိရသည်။  (Xinhua)