Connect with us

Social

သြင်္ကန်ကာလ ယာဉ်စီးခ ပိုတောင်းသော တိုင်ကြားမှု ၅၃ မှုကို ဥပဒေအရ အရေးယူမည်

သြင်္ကန်ကာလ အတွင်း ပြေးဆွဲနေသော မထသ ယာဉ်တစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသည့် မော်တော်ယာဉ်လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (မထသ) လက်အောက်ရှိ ခရီးသည်တင် ယာဉ်များသည် ယခုနှစ် သြင်္ကန်ကာလ အတွင်း ယာဉ်စီးခ ပိုမို တောင်းခံသည့် တိုင်ကြားမှု ၅၃ မှုကို ဥပဒေ အတိုင်း အရေးယူမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီ ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။

သြင်္ကန်ကာလ အတွင်း မထသ (ဗဟို) သို့ တိုင်ကြားမှု ၅၅ မှုရှိရာ ၅၃ မှုသည် ယာဉ်စီးခ ပိုတောင်းသဖြင့် တိုင်ကြားသော အမှုများ ဖြစ်ကြောင်း အဆိုပါ ယာဉ်စီးခ ပိုတောင်းသော ယာဉ်များကို သတ်မှတ်ထားသော စည်းကမ်းချက် အတိုင်း အရေးယူမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယာဉ်စီးခ ပိုတောင်းသည့် ယာဉ်များအား မထသ (ဗဟို)မှ ထုတ်ပြန်ပေးထား သော ဥပဒေ ၁၃၈ အရ ယာဉ်စီးခ ပိုတောင်းသော ယာဉ်များအား ဒဏ်ငွေကျပ် ၃ဝ,ဝဝဝ အထိ ဒဏ်ရိုက် အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)