Connect with us

Social

ဦးနှောက်ငှက်ဖျား ဆေးဝါးအတု ဈေးကွက် အတွင်း စစ်ဆေး တွေ့ရှိ

ဦးနှောက်ငှက်ဖျား ဆေးဝါးအတု ကြေညာထားမှုအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ)

ဈေးကွက်ရှိ ဆေးဝါးများကို ပုံမှန် စစ်ဆေးဆောင်ရွက်ခဲ့ရာ ဆေးဘူးပေါ်တွင် ဖော်ပြချက်အရ Danion Co.,Ltd. Samuthprakarnထုတ် မြန်မာနိုင်ငံတွင် ဆေးဝါး မှတ်ပုံတင်မရှိသော Quinine S Tablet (Quinine Sulfate 300mg) ဆေးဝါးသည် ဆေးဝါးအတု ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ အသိပေး ကြေညာခဲ့သည်။

Quinine ဆေးဝါးမှာ ဦးနှောက်ငှက်ဖျားရောဂါ (Falciparum Malaria) တွင် အဓိက ထား ကုသသည့် ဆေး ဖြစ်ကြောင်း သိရသည်။

ဆေးဝါးတင်သွင်း ဖြန့်ဖြူး သည့် ကုမ္ပဏီ၊ ဆေးဆိုင် များသည် မြန်မာ နိုင်ငံတွင် မှတ်ပုံတင်ထားခြင်း မရှိ သော ဆေးဝါး များ၊ ဆေးဝါးအတု၊ စံမ ညီဆေးဝါးများ တင်သွင်းဖြန့်ဖြူး ရောင်းချခြင်းများကို ကျင့်ဝတ်(ethic)အရ လုံးဝ (လုံးဝ)မပြုရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက အမျိုးသား ဆေးဝါး ဥပဒေပုဒ်မ(၁၈)အရ ပြစ်မှု ကျူးလွန်သူကို တရားစွဲဆို အရေးယူ မည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့သည်။

ဆေးဝါးအတု၊ စံမညီဆေးဝါးများကို မှီဝဲသော ရောဂါဝေဒနာရှင်များသည် စရိတ်များစွာ ကုန်ကျသည့်အပြင် ခံစားနေရသော ရောဂါ များပျောက်ကင်း ခြင်း လုံးဝ မရှိဘဲ ပိုမိုဆိုးရွားသော အခြေအနေ ခံစား ရမည် ဖြစ်သည့် အပြင် အသက်အ္တရာယ်လည်း ရှိနိုင်ကြောင်း အသိပေး ကြေညာခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.