Connect with us

Social

ချင်းတွင်းမြစ်အထက်ပိုင်းရှိ နေရာတချို့တွင် ငါးမဖမ်းရဇုန်များသတ်မှတ်၍ ငါးသယံဇာတ ထိန်းသိမ်းရေးဆောင်ရွက်မည်

ချင်းတွင်းမြစ်အတွင်း ငါးမဖမ်းရဇုန် သတ်မှတ်ရေးအတွက် ကွင်းဆင်းဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်အထက်ပိုင်းရှိနေရာ သုံးခုတွင် ငါးမဖမ်းရဇုန်များသတ်မှတ်၍ ငါးသယံဇာတရေရှည်တည်တံ့စေရန် ဒေသခံပြည်သူများဦးဆောင်ကာ ထိန်းသိမ်းမည့်အစီအစဉ်ကို ငါး လုပ်ငန်းဦးစီးဌာနနှင့်အတူ သားငှက်ထိန်းသိမ်းရေးအဖွဲ့(မြန်မာနိုင်ငံ အစီအစဉ်)၊ FishBioအဖွဲ့နှင့် လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၂၃ ရက်မှ ဖေဖော်ဝါရီ ၅ ရက်အထိ ချင်းတွင်း မြစ်အထက်ပိုင်းရှိ လင်းဖားကျေးရွာ၊ ပဒူမုန်းကျေးရွာ၊ ဟိန်စွန်းကျေးရွာ၊ ကောင်းဟိန်းကျေးရွာ၊ စွယ်ခေါင်းငေါကျေးရွာ၊ ထွက်ဝကျေးရွာနှင့် နမ်းတင်းဖောင်းဆိုင် ကျေးရွာတို့တွင် ငါးသယံဇာတများ ရေရှည်တည်တံ့ စေရေး၊ ထိန်းသိမ်းရေးလုပ်ငန်းတို့အတွက် ငါးမဖမ်းရဇုန်များသတ်မှတ် ကာ ဆောင်ရွက်ရန် စီစဉ်ခဲ့သော်လည်း၎င်းတို့အနက် ယခုနှစ်တွင် ကျေးရွာ သုံးရွာ၏ နေရာ သုံးခုတွင်သာ ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းမှာ လင်းဖား ကျေးရွာ၊ ပဒူမုန်းကျေးရွာနှင့် ထွန်းဝကျေးရွာအနီးရှိ မြစ်ချောင်းများတွင် ငါးမဖမ်းရဇုန်များသတ်မှတ်ကာ ယခုနှစ်မိုးတွင်းကာလမှစ၍ ဆောင်ရွက် သွားမည်ဖြစ်သည်။

အဆိုပါ ငါးမဖမ်းရဇုန်များကို ဒေသခံပြည်သူများက ဦးဆောင်ကာ ပြုလုပ်ရမည်ဖြစ်သောကြောင့် ဒေသခံများအနေဖြင့် စီမံခန့်ခွဲနိုင်ရေး အတွက် ကော်မတီများဖွဲ့ခြင်း၊ ငါးသယံဇာတဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်းတို့ကို အဆိုပါ ပူးပေါင်းအဖွဲ့က နည်းပညာများကူညီ ပေးသွားမည်ဖြစ်သည်။ ဇန်နဝါရီ ၂၃ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ သွားရောက်ခဲ့သော ရေချိုငါးသယံဇာတများ ရေရှည်တည်တံ့ စေရေး ဒေသခံပြည်သူများနှင့် အသိပညာပေးဆွေးနွေးရေးခရီးစဉ်တွင် အဆိုပါကျေးရွာ ခုနစ်ရွာမှ ဒေသခံပြည်သူ ၃၅ဝ ခန့်ကို အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ကြောင်း ကြေးမုံသတင်းတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.