Connect with us

News

နှစ်ကူးနွေဦးပွဲတော် ခရီးသွားများပြားသောကာလအတွက် ကျည်ဆန်ရထားများကို ပြုပြင်ထိန်းသိမ်းလျက်ရှိ

ချိန်တူး ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ချိန်တူးမြို့ မြန်နှုန်းမြင့်ရထား ပြုပြင်ထိန်းသိမ်းရေး စင်တာတစ်ခုရှိ ကျွမ်းကျင်နည်းပညာရှင်များသည် နှစ်ကူးနွေဦးပွဲတော် ခရီးသွားလာမှုများပြားချိန်ကာလအတွင်း ရထားများအတွက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ရန် အလုပ်များနေကြသည်။

“ချွင်းယွင့်” နှစ်ကူးနွေဦးပွဲတော် ခရီးသွားများပြားသောကာလသည် ယခုနှစ်တွင် ဇန်နဝါရီ ၇ ရက်မှ ဖေဖော်ဝါရီ ၁၅ ရက်ထိ ရက်ပေါင်း ၄၀ ကြာမြင့်မည် ဖြစ်သည်။သန်းပေါင်းများစွာသော ပြည်သူများသည် ဇန်နဝါရီ ၂၁ ရက်တွင် ကျရောက်သော တရုတ်နှစ်သစ်ကူးအကြိုနေ့တွင် မိသားစုဝင်များနှင့် ပြန်လည်ဆုံဆည်းရန် တရုတ်နိုင်ငံတစ်ဝန်း ရထားဘူတာရုံများ ၊ လေဆိပ်များ နှင့် အဝေးပြေးဂိတ်များတွင် ပျားပန်းခတ်မျှ သွားလာနေကြသည်။
“ဒီဇင်ဘာလနှောင်းပိုင်းလောက်ထဲက ကျွန်တော်တို့တွေ အရမ်းအလုပ်များနေခဲ့တာပါ ။ ရထားစက်ခေါင်း ၁၁ ခုကို ပြုပြင်ထိန်းသိမ်းတာတွေ ဆောင်ရွက်ပြီးစီးတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် နှစ်ကူးနွေဦးပွဲတော် ခရီးသွား များပြားတဲ့ကာလအတွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်”ဟု ကျွမ်းကျင်နည်းပညာရှင် Yang Haihu က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ပြုပြင်ထိန်းသိမ်းရေး လုပ်ဆောင်တဲ့ မြန်နှုန်းမြင့်ရထားတွေက တာကျိုး-ချိန်တူး ရထားလမ်း ၊ ချိန်တူး – ကူမင်း ရထားလမ်း ၊ လန်ကျိုး-ချုံချင့် ရထားလမ်း နဲ့ လန်ကျိုး-ရှင်းကျန်း ရထားလမ်းတွေ အပါအဝင် စီချွမ်းပြည်နယ်အတွင်းက ရထားလမ်းတွေမှာ အများဆုံး ပြေးဆွဲပါတယ်”ဟု ကျွမ်းကျင်နည်းပညာရှင် Tang Yi က ပြောကြားခဲ့သည်။

“ရောင်းချပြီးနောက်ပိုင်း ဝန်ဆောင်မှုပေးတဲ့အဖွဲ့ကို ဖွဲ့စည်းဖို့ အင်ဂျင်ထုတ်လုပ်သူတွေ၊ ဆက်စပ်ပစ္စည်း ရောင်းချသူတွေနဲ့ ကျွန်တော်တို့ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒါက နှစ်ကူးနွေဦးပွဲတော် ခရီးသွားများပြားတဲ့ကာလ ဘေးကင်းလုံခြုံပြီး စနစ်တကျဖြစ်အောင် ၂၄ နာရီ အရေးပေါ်ဝန်ဆောင်မှုတွေ ပေးနေပါတယ်”ဟု ကျွမ်းကျင်နည်းပညာရှင် Zhao Jun က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.