Connect with us

MYANMAR

COVID-19 အတည်ပြုလူနာသစ် (၁,၁၅၀) ဦးတွေ့ရှိခဲ့ပြီး၊(၄၂)ဦးထပ်မံသေဆုံး

နှာခေါင်းစည်းဖြင့်ဈေးရောင်းသူနှင့် ဈေးဝယ်သူတို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

COVID-19 အတည်ပြုလူနာသစ် (၁,၁၅၀) ဦးအားတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း(၃၆,၀၂၅) ဦးရှိလာပြီဖြစ်ကာ လူနာ(၄၂)ဦးထပ်မံသေဆုံးခဲ့ကြောင်း၊ ယနေ့အထိ သေဆုံးသူ စုစုပေါင်း (၈၈၀) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ အောက်တိုဘာ ၁၈ ရက်ညပိုင်းတွင် ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက်ဆေးရုံဆင်းခွင့်ရရှိသူ (၇၀၆)ဦး ရှိခဲ့သဖြင့် ယခုထိ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၁၇,၀၇၆)ဦး ရှိလာခဲ့ကြောင်း သိရသည်။လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း (၁၂,၃၀၇) ခု အားစစ်ဆေးခဲ့ပြီး ယနေ့အထိစုစုပေါင်း(၅၁၀,၁၁၀) ခုအားစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယနေ့သေဆုံးသူ(၄၂)ဦးအနက် ရောဂါအခံရှိသူ (၂၇)ဦးပါဝင်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အသွားအလာကန့်သတ်ထားရှိရာ နေရာများမှ ဓာတ်ခွဲအတည်ပြုလူနာများ နှင့် အနီးကပ်ထိတွေ့ခဲ့သူများအနက် Negative အဖြေထွက်ရှိခဲ့သူ (၂,၂၄၁) ဦးအား ၎င်းတို့နေအိမ် များတွင် အသွားအလာကန့်သတ်ထားရှိ၍ ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်ယမန်နေ့ကပိုးတွေ့ရှိသူ(၁,၃၈၇)ဦးရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးမှ (၁,၀၆၃) ဦးဖြင့် အများဆုံးတွေ့ရှိခဲ့ကာ၊ပဲခူးတိုင်းဒေသကြီးမှ(၇၀)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၆၆)ဦး၊ဧရာဝတီတိုင်းဒေသကြီးမ(၃၅)ဦး၊ရခိုင်ပြည်နယ်မှ(၆၁)ဦး၊မကွေးတိုင်းဒေသကြီးမှ(၁)ဦး၊စစ်ကိုင်းတိုင်း ဒေသကြီးမှ(၈)ဦး၊မွန်ပြည်နယ်မှ(၆၉)ဦး၊နေပြည်တော်မှ(၃)ဦး၊ရှမ်းပြည်နယ်မှ(၁)ဦး၊ချင်းပြည်နယ်မှ(၂)ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ(၅)ဦးနှင့် ကချင်ပြည်နယ်မှ (၃)ဦးတွေ့ရှိခဲ့ကြောင်း သိရသည်။
အောက်တိုဘာ၁၇ရက်တွင် ထုတ်ပြန်ခဲ့သောဓာတ်ခွဲအတည်ပြုလူနာ (၁,၃၈၇)ဦးတွင် အနံ့မရရှိသူ (၃၅၀) ဦးပါရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.