အစ္စလာမ်မာဘတ် ၊ မတ် ၂၁ ရက်(ဆင်ဟွာ) ပါကစ္စတန် နိုင်ငံ လာဟိုး(Lahore)မြို့ရှိ တရားရုံး တစ်ရုံးက ချက်နိုင်ငံမှ မော်ဒယ် အမျိုးသမီးတစ်ဦးကို နိုင်ငံအတွင်းသို့မူးယစ်ဆေးဝါးများ မှောင်ခိုသွင်းရန် ကြိုးပမ်းမှုဖြင့် ထောင်ဒဏ် ၈ နှစ် နှင့် ၈ လ ပြစ်ဒဏ် ချမှတ် အရေးယူခဲ့ကြောင်း ဒေသတွင်း...
ကဘူးလ် ၊ မတ် ၂၁ ရက် (ဆင်ဟွာ) အာဖဂန်လွတ်လပ်သော ရွေးကောက်ပွဲကော်မရှင်(IEC) က နိုင်ငံ၏ စတုတ္ထအကြိမ်မြောက် သမ္မတရွေးကောက်ပွဲကျင်းပမည့် ရက်အသစ်ကို ယခုနှစ် စက်တင်ဘာ ၂၈ ရက်သို့ပြောင်းရွေ့သတ်မှတ်လိုက်ကြောင်း IEC က မတ် ၂ဝ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ကွီတို၊ မတ် ၂၁ ရက်(ဆင်ဟွာ) အီကွေဒေါနိုင်ငံ တောင်အလယ်ပိုင်း အမေဇုန် မိုးသစ်တောတွင် မတ် ၂၀ ရက်က ပြင်းအား ၅.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ ၎င်းဒေသနှင့်အနီးပတ်ဝန်းကျင်ဒေသများသည် ငလျင်လှုပ်ခတ်မှုကို ခံစားမိကြောင်းသိရသည်။
ဝယ်လ်လင်တန်၊ မတ် ၂၁ ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံတွင် စစ်ဘက်ပုံစံသုံး မောင်းပြန်သေနတ်အသေးစားများ (semi-automatic) ၊ ရိုင်ဖယ်သေနတ်များအား တားမြစ်လိုက်ကြောင်း ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန် (Jacinda Ardern) က မတ်လ ၂၁ ရက်တွင် ပြောကြားလိုက်သည်။
ဒမတ်စကပ်စ်၊ မတ် ၂၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံကကျောထောက်နောက်ခံပေးထားသော ဆီးရီးယားဒီမိုကရက်တစ် (SDF) တပ်ဖွဲ့ သည် ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း Euphrates River ဒေသ အရှေ့ရှိ IS တို့ နောက်ဆုံးထိန်းချုပ်ထားသော ဧရိယာကို လုံးဝနီးပါး သိမ်းပိုက်နိုင်တော့မည်ဖြစ်ကြောင်း ကာ့ဒ်လှုပ်ရှားသူများက မတ် ၂၀ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ) ချင်းပြည်နယ်၊ ဖလမ်းမြို့ ၏ အရှေ့တောင်ဘက် မိုင်(၂၀)ခန့်အကွာ တွင် အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။
နယူးဒေလီ ၊ မတ် ၂၁ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ ပုဂ္ဂလိကလေကြောင်းလိုင်း “Jet Airways” မှ လေယာဉ်မှူးများသည် မတ် ၃၁ ရက် နောက်ဆုံးထား၍ ၎င်းတို့၏ လစာများကို အပြည့်အဝ ပေးချေသွားခြင်းမရှိပါက လာမည့် ဧပြီ ၁ ရက် မှစတင်ကာ လေကြောင်းလိုင်းအား သပိတ်မှောက်သွားမည်ဟု...
နေပြည်တော်၊ မတ် ၂၀ ရက်(ဆင်ဟွာ) (၅၆)ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲ၌ ယူရို ၁၀ ဒသမ ၅၈၈၈၈ သန်း တန်ဖိုးရှိကျောက်စိမ်းတွဲ အပါအဝင် ကျောက်စိမ်းအတွဲ ၅၂၆၃ တွဲတို့ကို ယူရိုသန်း ၄၇၄ ဒသမ ၁၄ သန်းဖြင့် ရောင်းချနိုင်ခဲ့ သည်ဟု မြန်မာ့...
ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၄၂/၁) နှင့် (၄၂/၂)ကြားတွင် ယနေ့ နေ့လည် ၃နာရီ ၅၅မိနစ်အချိန်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ ၁၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သောသတင်းအရသိရသည်။
အစ္စတန်ဘူလ်၊ မတ် ၂၀ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အနောက်တောင်ပိုင်းတွင် မတ်လ ၂၀ ရက်က အင်အား ၅.၅ ပမာဏရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်းနှင့် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။