Connect with us

Local

မြန်မာ့ရွှေဈေးက တစ်ကျပ်သားကို ကျပ်၁,၁၄၉,၈၀၀ က ၁,၂၀၅,၀၀၀ အထိ ရက်ပိုင်းအတွင်းခုန်တက်

ရွှေအခေါက်တုံးများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

မြန်မာ့ရွှေဈေးက တစ်ကျပ်သားကို ကျပ်၁,၁၄၉,၈၀၀ က ၁,၂၀၅,၀၀၀ အထိ ရက်ပိုင်းအတွင်း ၅၅,၀၀၀ ကျော်ဈေးခုန်တက်သွားကြောင်း၊ ယခုဈေးသည် ၂၀၁၉ ခုနှစ်တွင် စံချိန်သစ်တင်သည့် ဈေးဖြစ်ကြောင်း အောင်သမာဓိရွှေဆိုင်ရှင် ဦးအောင်ကဆင်ဟွာကိုပြောသည်။

ကောင်းစံရွှေဆိုင်ပိုင်ရှင် ဦးမျိုးကျော်ကျော်က “ကမ္ဘာ့ရွှေဈေးတက်လို့ တက်တာ။ အတက်က အရမ်းကြမ်းသွားတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ဒေါ်လာဈေးကတော့ ၁၅၁၀ကျပ် ဝန်းကျင်လောက်နဲ့ငြိမ်နေပါတယ်။ အခုမြန်မာ့ရွှေဈေးတက်တာက ကမ္ဘာ့ရွှေဈေးအတက်အရမ်းကြမ်းသွားလို့ မြန်မာ့ရွှေဈေးက လိုက်တက်သွားရတာပါ’’ ဟုဆင်ဟွာ ကိုပြောသည်။

ကမ္ဘာ့ရွှေဈေးက သြဂုတ် ၈ရက် တွင် တစ်အောင်စ ကို ၁၅၀၂ ဒေါ်လာ၊ဒေါ်လာဈေး ကတစ်ဒေါ်လာ ကို ၁၅၁၂ ကျပ်ပေါက်ဈေးရှိသည်။

တိတ်စိန်ရွှေဆိုင်ရှင် ဦးဇော်အောင်က “ကမ္ဘာ့ရွှေဈေး အရမ်းတက်သွားတာက အဓိက အချက်ပဲ။ အခုဈေးကတော့ စံချိန်ချိုးတဲ့ ဈေးပါပဲ။ ကျခဲ့ရင်တောင်အရမ်းကြီး အကျဘက်တော့ မဖြစ်နိုင်ဘူးလို့ထင်တယ်။ ကမ္ဘာ့နိုင်ငံကြီးတွေ ရဲ့ စီးပွားရေးအခြေအနေနဲ့ ကမ္ဘာမှာ အမေရိကန်ဒေါ်လာကျဆင်းတာတွေကြောင့်လည်း ကမ္ဘာ့ရွှေဈေးတက်တာ အချက်တစ်ချက်အနေနဲ့ ပါမယ်လို့ထင်ပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။

၁၆ပဲရည် (အခေါက်) ရွှေတုံးများ အရောင်းအဝယ်သည် သြဂုတ် ၈ ရက် တွင် ဈေးမငြိမ်သည့် အတွက် ခေတ္တဆိုင်းသွားကြောင်း သိရသည်။ လက်ရှိ ဒေါ်လာပေါက်ဈေး နှင့် ကမ္ဘာ့ရွှေပေါက်ဈေး ကို တွက်ချက်ကြည့်ပါက မြန်မာ့ရွှေဈေးက အနည်းငယ်နိမ့်နေသေးကြောင်း သိရသည်။

ကမ္ဘာ့ရွှေဈေး သည် ဇူလိုင် ၂၁ ရက် တွင် တစ်အောင်စ ၁၄၂၆ ဒေါ်လာမှ တစ်အောင်စကို ၁၅၀၂ ဒေါ်လာ အထိ ရက်ပိုင်းအတွင် ဈေးခုန်တက်လာခဲ့ခြင်းဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117