Connect with us

Economy

မြန်မာ နိုင်ငံ အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အတွက် တရုတ် နိုင်ငံ မှ လုပ်ငန်းဆိုင်ရာ ပြပွဲ လာရောက်ကျင်းပ


ရန်ကုန် ၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ အထည်ချုပ် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ တရုတ် နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန က ဦးစီး ကျင်းပ ပြုလုပ်သည့် “တရုတ် နိုင်ငံ ချည်မျှင် နှင့် အထည်အလိပ် ကုန်စည်ပြပွဲ” ဖွင့်ပွဲ အခမ်းအနား အား ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်း က ရန်ကုန်မြို့ ရှိ မြန်မာကွန်ဗင်းရှင်း စင်တာ (MCC) တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနား သို့ တရုတ် နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ ပြည်ပ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဟန်စိန့်ကျန့်(Han Shengjian) ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး ယွီပြင်းကျန်း(Yu Bianjiang) ၊ တရုတ် နိုင်ငံ ချည်မျှင် နှင့် အထည်အလိပ် သွင်းကုန်/ပို့ကုန် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ချောင်ကျာချန်း(Cao Jiachang) ၊ တရုတ် နိုင်ငံ နန်းထုံးမြို့ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဌာန ညွှန်ကြားရေးမှူး လီလင်(Li Ling) ၊ မြန်မာနိုင်ငံချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်မျိုးဝင်း ၊ UMFCCI တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် ၊ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင် အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုး နှင့် အသင်း အဖွဲ့ဝင် များ ၊ မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်း(CECCM) ဒုတိယ ဥက္ကဋ္ဌ မစ္စတာ လော့ကျွင်း (Mr.Luo Jun) နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် များက တက်ရောက် ခဲ့ကြသည်။

“တရုတ် နိုင်ငံ ချည်မျှင် နှင့် အထည်အလိပ် ကုန်စည်ပြပွဲ” ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

“တရုတ် နိုင်ငံ ချည်မျှင် နှင့် အထည်အလိပ် ကုန်စည်ပြပွဲ” ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

“တရုတ် နိုင်ငံ ချည်မျှင် နှင့် အထည်အလိပ် ကုန်စည်ပြပွဲ” ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

“တရုတ် နိုင်ငံ ချည်မျှင် နှင့် အထည်အလိပ် ကုန်စည်ပြပွဲ” ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

တရုတ် နိုင်ငံ စီးပွားကူးသန်း ဝန်ကြီးဌာန ၊ ပြည်ပ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဟန်စိန့်ကျန့် က အဖွင့် အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး ယွီပြင်းကျန်း က မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ချည်မျှင် နှင့် အထည်အလိပ် သွင်းကုန်/ပို့ကုန် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ချောင်ကျာချန်း က နှုတ်ခွန်းဆက်စကား ပြောကြားနေစဉ်(ဆင်ဟွာ)

UMFCCI တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် က နှုတ်ခွန်းဆက်စကား ပြောကြားနေစဉ်(ဆင်ဟွာ)

“တရုတ် နိုင်ငံ ချည်မျှင် နှင့် အထည်အလိပ် ကုန်စည်ပြပွဲ” ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

“တရုတ် နိုင်ငံ ချည်မျှင် နှင့် အထည်အလိပ် ကုန်စည်ပြပွဲ” ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

“တရုတ် နိုင်ငံ ချည်မျှင် နှင့် အထည်အလိပ် ကုန်စည်ပြပွဲ” ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

“တရုတ် နိုင်ငံ ချည်မျှင် နှင့် အထည်အလိပ် ကုန်စည်ပြပွဲ” ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

တရုတ် နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ ပြည်ပ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဟန်စိန့်ကျန့် က အဖွင့် အမှာစကား ပြောကြားရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ သည် အပြန်အလှန် အရေးပါသည့် ကုန်သွယ်မှု မိတ်ဖက် နိုင်ငံများ ဖြစ်ကြပြီး ယခုနှစ် ဇန်နဝါရီလ မှ စက်တင်ဘာလ အတွင်း ကုန်သွယ်မှု ပမာဏ မှာ အမေရိကန် ဒေါ်လာ ၁၁.၅ ဘီလီယံ အထိ ရှိခဲ့ပြီး ယခင်ထက် ၂၀ ရာခိုင်နှုန်း တိုးတက် လာခဲ့ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အား တွန်းအား ပေးနိုင်ရန် အတွက် ဝန်ကြီးဌာန အနေဖြင့် လတ်တလောနှစ်ပိုင်းအတွင်း နှစ်နိုင်ငံ ၌် လုပ်ငန်းဆောင်ရွက်မှု များစွာ ပြုလုပ်ခဲ့ကြောင်း ၊ ယခု အကြိမ်တွင် မြန်မာ နိုင်ငံ ၌ ပြပွဲ ကျင်းပရခြင်း မှာ နှစ်နိုင်ငံ ချည်မျှင် နှင့် အထည်အလိပ် လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အတွက် ပလက်ဖောင်း သစ် တစ်ခု ရရှိစေရန် ဖြစ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အား တိုးချဲ့ နိုင်စေရန် ဖြစ်ကြောင်း ၊ ယခု ပြပွဲ မှ တစ်ဆင့် နှစ်နိုင်ငံ ကုန်သွယ်ရေး မိတ်ဖက်ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရန် အတွက် တွန်းအားပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး ယွီပြင်းကျန်း က မိန့်ခွန်းပြောကြားရာတွင် လက်ရှိချိန်တွင် တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး မှာ အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာ ခဲ့ပြီး ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများမှာလည်း လွန်စွာ ကောင်းမွန်သည့်အခြေအနေ တွင် တည်ရှိနေကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု က သမိုင်းမှတ်တိုင်သစ် တစ်ခု သို့ရောက်ရှိနေပြီး အနာဂတ် အလားအလာ မှာလည်း လွန်စွာ ကောင်းမွန်နေကြောင်း ၊ ကနဦး စာရင်းပြုစုချက်များအရ မြန်မာ နိုင်ငံ ၌ တရုတ် နိုင်ငံ မှ ရင်းနှီးမြှုပ်နှံသည့် အထည်ချုပ် စက်ရုံပေါင်း ၄၀၀ ကျော်ရှိပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄ သိန်းကျော် ဖန်တီးပေးနိုင်ခဲ့ကာ မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူ ဖြစ်စေနိုင်ခဲ့ကြောင်း ၊ ယခု ကျင်းပ ပြုလုပ်သည့် ပြပွဲ မှ တစ်ဆင့် နှစ်နိုင်ငံ ချည်မျှင် နှင့် အထည်အလိပ် လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု နှင့် ဖလှယ်မှု အား ပိုမိုနက်ရှိုင်းစေမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ချည်မျှင် နှင့် အထည်လိပ် သွင်းကုန်/ပို့ကုန် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ချောင်ကျာချန်း က နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် တရုတ် နိုင်ငံ ချည်မျှင် နှင့် အထည်အလိပ် ကုန်စည်ပြပွဲ အား မြန်မာ နိုင်ငံ တွင် ကျင်းပပြုလုပ်ခြင်းဖြင့် နှစ်နိုင်ငံ အထည်လိပ် နှင့် အထည်ချုပ် လုပ်ငန်း ဖလှယ်မှု ကို ပိုမိုတိုးချဲ့စေနိုင်မည် ဖြစ်ပြီး အတူတကွ ပူးပေါင်းဆောင်ရွက်ရန် အတွက် အရေးပါသည့် ပလက်ဖောင်း တစ်ခု ဖြစ်စေမည် ဖြစ်ကြောင်း ၊ ပြပွဲကျင်းပခြင်း မှ နှစ်နိုင်ငံ အထည်အလိပ် နှင့် အထည်ချုပ် လုပ်ငန်း ကဏ္ဍ အပြန်အလှန် နားလည်သိရှိမှု ကို ပိုမိုနက်ရှိုင်းစေမည်ဖြစ်ပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်ရန် အတွက်လည်း တွန်းအားပေး နိုင်မည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ လုပ်ငန်းရှင်များ အနေဖြင့်လည်း မြန်မာ နိုင်ငံ လုပ်ငန်းရှင်များ နှင့် လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အား ပိုမို တိုးချဲ့စေနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

UMFCCI တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် လက်ရှိချိန်တွင် အထည်အလိပ် နှင့် အထည်ချုပ် လုပ်ငန်း တင်ပို့မှု သည် မြန်မာ နိုင်ငံ ၏ အဓိက ပို့ကုန် တစ်ခု ဖြစ်လာ ခဲ့ပြီး မြန်မာ နိုင်ငံ ရှိ အထည်ချုပ် လုပ်ငန်း ကဏ္ဍ တွင်လည်း တရုတ် နိုင်ငံ မှ အများဆုံး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ကြောင်း ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ အထည်အလိပ် နှင့် အထည်ချုပ် လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အား တိုးချဲ့ ဆောင်ရွက်ပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သင့်ကြောင်း ၊ တရုတ် နိုင်ငံ က အဆင့်မြင့် နည်းပညာများဖြင့် မြန်မာ နိုင်ငံ အထည်အလိပ် နှင့် အထည်ချုပ် လုပ်ငန်း တွင် ရင်းနှီးမြှုပ်နှံမှု များ လာရောက် ပြုလုပ်ကာ အတူတကွ အကျိုးဖြစ်ထွန်းစေသည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွား စေလိုကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ချည်မျှင် နှင့် အထည်အလိပ် ကုန်စည်ပြပွဲ အား ဒီဇင်ဘာ ၇ ရက် နေ့ မှ ၉ ရက် အနေ့ အထိ ရန်ကုန်မြို့ ရှိ MCC ခန်းမ တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ မှ နာမည်ကျော် လုပ်ငန်း ကုမ္ပဏီ ၉၄ ခု က ပြခန်းပေါင်း ၁၂၁ ခန်း ဖြင့် ပြသသွားမည်ဖြစ်ကြေင်း ၊ ပြပွဲ အတွင်း တရုတ် နိုင်ငံ စက်ရုံပေါင်း ၁၅၀ ကျော် မှ အထည်အလိပ် အမျိုးအစား ပေါင်း တစ်သိန်းကျော် အား ပြသ သွားမည်ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ မှ ထုတ်လုပ်သည့် အထည်အလိပ် ဒီဇိုင်းမျိုးစုံ အား တစ်နေရာ တည်းတွင် ကြည့်ရှုနိုင် မည်ဖြစ်ပြီး စက်ရုံများနှင့် တိုက်ရိုက်ချိတ်ဆက်မှု ပြုလုပ်နိုင်မည့် ပြပွဲ တစ်ခု ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.