Connect with us

Economy

မြန်မာ-တရုတ်နှစ်နိုင်ငံ သက်ဆိုင်ရာဌာနတို့ ညှိနှိုင်းဆွေးနွေးပြီးနောက် တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့သည့် ကုန်တင်ယာဉ်များ တရုတ်နိုင်ငံသို့ တိုက်ရိုက်ဝင်ရောက်နိုင်ပြီ ဖြစ်

မူဆယ်ကုန်သွယ်ရေးဇုန် တွင် ကုန်ကားများဖြတ်သန်းနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး)

ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ)

မြန်မာ-တရုတ်နှစ်နိုင်ငံ သက်ဆိုင်ရာဌာနတို့ ညှိနှိုင်းဆွေးနွေးပြီးနောက် ပြီးခဲ့သည့်သီတင်းပတ်မှစတင်၍ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့သည့် ကုန်တင်ယာဉ်များသည် တရုတ်ကုန်တင်ယာဉ်များပေါ်သို့ ပြန်လည်တင်ဆောင်ရန် မလိုအပ်ဘဲ မူဆယ် ကျင်စန်းကျော့နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တိုက်ရိုက်ဝင်ရောက်နိုင်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ယနေ့ မေ ၂၀ ရက်တွင်ထုတ်ပြန်သည်။

သို့ဖြစ်ရာ ကုန်ပစ္စည်းများ ဆုံးရှုံးမှုကို လျော့နည်းစေပြီး သယ်ယူပို့ဆောင်ရေးစရိတ်များစွာ လျှော့ချနိုင်ကာ ကုန်စည်ထောက်ပံ့ပို့ဆောင်ရေး မြန်ဆန်နှုန်းကိုလည်း မြင့်မားလာစေကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
ကျင်စန်းကျော့နယ်စပ်ဂိတ်သည် ယခင်က COVID-19 ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ရပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်သည် နယ်စပ်ကပ်ရောဂါပူးတွဲကာကွယ်ထိန်းချုပ်ရေးနှင့် နယ်စပ်ကုန်သွယ်မှု ပြန်လည်ဆောင်ရွက်နိုင်ရေး တို့အတွက် လုပ်ငန်းများစွာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဥပမာအားဖြင့် ကပ်ရောဂါကာကွယ်ရေးဂိတ်များ ရှေ့တိုးခြင်း၊ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ ကာကွယ်ဆေးများ လှူဒါန်းခြင်း၊ မူဆယ်၌ COVID-19 ကုသရေးစင်တာ ကူညီတည်ဆောက်ပေးခြင်း၊ နယ်စပ်ဂိတ်ရှိ ဂိတ်ဖြတ်သန်းရေးစက်ပစ္စည်းများ အဆင့်မြှင့်တင် ပြုပြင်တည်ဆောက်ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ နှစ်နိုင်ငံ သက်ဆိုင်ရာဌာနများ၏ အတူတကွကြိုးပမ်းမှုဖြင့် ကျင်စန်းကျော့နယ်စပ်ဂိတ် ကုန်ပစ္စည်းပို့ဆောင်ရေးသည် တည်ငြိမ်စွာ ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.