Connect with us

Politics

တရုတ် နိုင်ငံ တိဘက် ယဉ်ကျေးမှု ဖလှယ်ရေး ကိုယ်စားလှယ် အဖွဲ့ နှင့် မြန်မာ နိုင်ငံ အစိုးရ အဆင့်မြင့် အရာရှိများ တွေ့ဆုံဆွေးနွေး

တရုတ် နိုင်ငံ တိဘက် ယဉ်ကျေးမှု ဖလှယ်ရေး ကိုယ်စားလှယ် အဖွဲ့ နှင့် မြန်မာ နိုင်ငံ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်စဉ်(ဆင်ဟွာ)

နေပြည်တော် ၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ တိဘက် ယဉ်ကျေးမှု ဖလှယ်ရေး ကိုယ်စားလှယ် အဖွဲ့ က ဒီဇင်ဘာ ၁၉ ရက် ၌ နေပြည်တော် တွင် မြန်မာ နိုင်ငံ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ၊ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန သို့ သွားရောက် ခဲ့ပြီး တိုင်းရင်းသားရေးရာ ၊ သာသနာရေး နှင့် ယဉ်ကျေးမှု စသည့် ကိစ္စရပ် များနှင့် ပတ်သက်၍ နှစ်ဘက် သဘောထား အမြင်များကို ဖလှယ် ခဲ့ကြောင်း သိရှိခဲ့ရသည်။

တရုတ် နိုင်ငံ တိဘက် ယဉ်ကျေးမှု ဖလှယ်ရေး ကိုယ်စားလှယ် အဖွဲ့ က မြန်မာ နိုင်ငံ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင် နှင့် တွေ့ဆုံခဲ့ရာတွင် တရုတ် နိုင်ငံ ၏ တိုင်းရင်းသားလူမျိုးများရေးရာ မူဝါဒ များနှင့် ပတ်သက်၍ ရှင်းလင်း မိတ်ဆက်ပေး ခဲ့သည်။ ထို့နောက် တရုတ် နိုင်ငံ တိဘက်ယဉ်ကျေးမှု သုတေသန စင်တာ ၊ သမိုင်း သုတေသန ဌာန ဒါရိုက်တာ မစ္စတာ ကျန်းယွင် (Mr.Zhang Yun) က တရုတ် နိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ တန်းတူညီမျှခြင်း ၊ စည်းလုံးခြင်း ၊ အပြန်အလှန် ကူညီခြင်း ၊ အတူတကွ ဖွံ့ဖြိုးတိုးတက်ခြင်း တို့ကို ရှင်းလင်းမိတ်ဆက်ပေး ခဲ့ပြီး တရုတ် နိုင်ငံ တိဘက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ မှ တစ်နိုင်ငံလုံး၏ ထောက်ခံအားပေးမှုကြောင့် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ပြီး နောက်တွင် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ကူညီထောက်ပံ့မှု သည်လည်း သိသာထင်ရှားစွာ တိုးမြှင့်လာကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင် က ကိုယ်စားလှယ် အဖွဲ့ အား ဝန်ကြီးဌာန နှင့် ပတ်သက်သည့် အခြေအနေများ နှင့် မြန်မာ နိုင်ငံ အစိုးရ သစ် ၏ တိုင်းရင်းသားလူမျိုးများ အခွင့်အရေး အား ကာကွယ်ပေးသည့် မူဝါဒ များကို ရှင်းလင်း မိတ်ဆက်ပေးခဲ့သည်။ ထို့နောက် ဝန်ကြီး က တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန သည် အသစ် ဖွဲ့စည်းထား သည့် ဝန်ကြီးဌာန တစ်ခု ဖြစ်ကြောင်း ၊ ဝန်ကြီးဌာန အနေဖြင့် တိုင်းရင်းသားများ အကြား ဖလှယ်မှုများကို တွန်းအားပေး ဆောင်ရွက်ပြီး အတူတကွ ယှဉ်တွဲနေထိုင်ရေး နှင့် စည်းလုံးညီညွှတ်ရေး တို့ကို ဆောင်ရွက်ကာ မြန်မာ နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ကို တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ တိုင်းရင်းသားလူနည်းစု တို့၏ အခွင့်အရေး များကို ကာကွယ်ပေးသွားပြီး တိုင်းရင်းသား လူမျိုးများ၏ ဘာသာစကား ၊ စာပေ ၊ ဂီတ နှင့် ရိုးရာ ယဉ်ကျေးမှု တို့ကို ထိန်းသိမ်းစောင့်ရှောက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက်တွင် တရုတ် နိုင်ငံ တိဘက် ယဉ်ကျေးမှု ဖလှယ်ရေး ကိုယ်စားလှယ် အဖွဲ့ က မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို နှင့်တွေ့ဆုံ ခဲ့ရာတွင် တိဘက် ဒေသ ၏ သာသနာရေး နှင့် ယဉ်ကျေးမှု တို့ကို ရှင်းလင်း မိတ်ဆက်ပေး ခဲ့ပြီး တရုတ် နိုင်ငံ ၏ ယဉ်ကျေးမှု အမွေအနှစ်များအား ထိန်းသိမ်းစောင့်ရှောက် သည့် နည်းလမ်းများကို ပြောကြား ခဲ့ကြောင်း သိရှိခဲ့ရသည်။

ထို့နောက်တွင် ပစ္စတာ ကျန်းယွင် က တရုတ် နိုင်ငံ တွင် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှု တည်ရှိပြီး တိဘက် ဗုဒ္ဓဘာသာ အား ယုံကြည်ကိုးကွယ် ခြင်းသည်လည်း ဥပဒေ ၏ ကာကွယ်မှု ကို ရရှိနေကြောင်း ၊ တိဘက် ဒေသတွင် နှစ်ပေါင်း ကြာမြင့်ပြီး ဖြစ်သည့် ဘုရားကျောင်း များစွာ တည်ရှိပြီး ယင်းဘုရားကျောင်း များ သည်ပင် ယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်ကြောင်း ၊ ဘုရားကျောင်းများ အတွင်း သမိုင်းမှတ်တမ်းများကို ထိန်းသိမ်း ထားရှိပြီး နိုင်ငံတော် မှ ချပေးသည့် အထူးဘတ်ဂျက် ဖြင့် ထိန်းသိမ်းစောင့်ရှောက်နေကြောင်း ၊ တိဘက်ဒေသ တွင် ဗုဒ္ဓဘာသာ လေ့လာရေးကျောင်းဆောင်များ တည်ရှိပြီး ဗုဒ္ဓဘာသာ အသိပညာ ထူးချွန်သူများကို မွေးထုတ်ပေးနေကြောင်း ၊ တိဘက် ဒေသ အထက်တန်းကျောင်းများတွင် တိဘက် ဘာသာစကား အထူးပြု ဘာသာရပ်များ ထားရှိကြောင်း ၊ ယခုကဲ့သို့ ယဉ်ကျေးမှု ဖလှယ်ခြင်းများမှ တစ်ဆင့် နှစ်နိုင်ငံ ပြည်သူလူထု အကြား နားလည်မှု ကို တိုးမြှင့်သွား လိုကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို က မြန်မာ-တရုတ် နှစ်နိုင်ငံ သည် သမိုင်းကြောင်း ရှည်လျားသည့် ဆွေမျိုးပေါက်ဖော် မိတ်ဆွေ နိုင်ငံများ ဖြစ်ကြပြီး နက်ရှိုင်းသည့် ချစ်ကြည် ဆက်ဆံရေး တည်ရှိကြောင်း ၊ တရုတ် နိုင်ငံ မှ ဖော်ဆောင်သည့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု သည် မြန်မာ နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် လွန်စွာ အရေးပါကြောင်း ၊ မြန်မာ နိုင်ငံ နှင့် တရုတ် နိုင်ငံ တိဘက် ဒေသ တို့အနေဖြင့် သာသနာရေး နှင့် ယဉ်ကျေးမှု ကဏ္ဍများတွင် ဖလှယ်မှုများ တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို အနေဖြင့် မြန်မာ နိုင်ငံ ၏ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း တွင် ဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ပုံများကိုလည်း ရှင်းလင်းမိတ်ဆက် ပေးခဲ့ပြီး တရုတ် နိုင်ငံ ၏ မြန်မာ နိုင်ငံ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းပြုပြင်ခြင်း အပေါ် ကူညီဆောင်ရွက်မှုများအား ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ် နိုင်ငံ သို့ မြန်မာ နိုင်ငံ သမ္မတ ဦထင်ကျော် ယခုနှစ် ဧပြီလ တွင် လာရောက် လည်ပတ် ခဲ့စဉ် တွေ့ဆုံဆွေးနွေးရာ၌ နှစ်နိုင်ငံ အကြား ယဉ်ကျေးမှု ၊ ပညာရေး ၊ လူငယ်ကဏ္ဍ ၊ ကျန်းမာရေး ၊ သာသနာရေး စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု နှင့် ဖလှယ်မှုများကို တို့ချဲ့ဆောင်ရွက်သွားပြီး နှစ်နိုင်ငံ ပြည်သူလူထု အကြား ချစ်ကြည်ဆက်ဆံရေး ကို ပိုမို ခိုင်မြဲအောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း အထူး ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ တိဘက် ယဉ်ကျေးမှု ဖလှယ်ရေး ကိုယ်စားလှယ် အဖွဲ့ သည် ဒီဇင်ဘာ ၁၇ ရက်နေ့ တွင် ရန်ကုန် မြို့သို့ စတင်ရောက်ရှိလာ ခဲ့ပြီး ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် တွင် ၂၀၁၇ ခုနှစ် တရုတ် တိဘက် ယဉ်ကျေးမှု ဓာတ်ပုံပြပွဲ ကို ကျင်းပ ပြုလုပ်ခဲ့သည်။ ထို့နောက် ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ကိုယ်စားလှယ် အဖွဲ့က မြန်မာ နိုင်ငံ နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ် သို့ သွားရောက် လည်ပတ်ခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.