Connect with us

Social

မြန်မာ နိုင်ငံ ကျောင်းသား/သူ များ အတွက် တရုတ် နိုင်ငံ ဖောင်ဒေးရှင်း က လွယ်အိတ် ၊ စာရေး ကိရိယာ နှင့် ကျောင်းသုံး ပစ္စည်း မျိုးစုံ ပါဝင်သည့် Panda Pack အလုံးရေ တစ်သိန်း လှူဒါန်း

CFPA ၏ မြန်မာ နိုင်ငံ ရုံးခွဲ ဖွင့်လှစ်ခြင်း (၄) နှစ် ပြည့် နှင့် Panda Pack ပေးအပ် လှူဒါန်းပွဲ တွင် အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖောင်ဒေးရှင်း (CFPA) ၏ မြန်မာ နိုင်ငံ ရုံးခွဲ ဖွင့်လှစ်ခြင်း (၄) နှစ် ပြည့် နှင့် လွယ်အိတ် ၊ စာရေး ကိရိယာ နှင့် ကျောင်းသုံး ပစ္စည်း မျိုးစုံ ပါဝင်သည့် Panda Pack ပေးအပ် လှူဒါန်းပွဲ အခမ်းအနား အား သြဂုတ်လ ၁၇ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန် မြို့ရှိ Chatrium ဟိုတယ် တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး မြန်မာ နိုင်ငံ ပညာရေး ဝန်ကြီးဌာန သို့ Panda Pack အလုံးရေ တစ်သိန်း အား လွှဲပြောင်းပေးအပ် လှူဒါန်း ခဲ့သည်။

အခမ်းအနား သို့ မြန်မာ နိုင်ငံ ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ဝင်းမော်ထွန်း ၊ ပညာရေး ဝန်ကြီးဌာန အဆင့်မြင့် ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်း ၊ ပညာရေး ဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး မစ္စတာ ရန်ဆုံကျိန်း (Mr.Yang Shouzheng) ၊ CFPA ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ဝမ်ရှင်ကြွေ့ (Mr.Wang Xingzui) ၊ ကျောင်းသား/သူများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ က တက်ရောက် ခဲ့ကြသည်။

မြန်မာ နိုင်ငံ ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ဝင်းမော်ထွန်း က အဖွင့် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ဝင်းမော်ထွန်း က အဖွင့် အမှာစကား ပြောကြားရာတွင် ဝန်ကြီးဌာန လက်အောက်ရှိ အဆင့်မြင့် ပညာ ဦးစီးဌာန နှင့် CFPA တို့ က ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁ ရက် တွင် နာလည်မှု စာချွန်လွှာ တစ်ရပ် လက်မှတ်ရေးထိုး ခဲ့ကြပြီး ၂၀၁၅ ခုနှစ် တွင် ပေါက်ဖော် ပညာသင်ဆု စီမံကိန်း ကို စတင် အကောင်အထည် ဖော်ခဲ့ကာ မြန်မာ နိုင်ငံ တက္ကသိုလ် နှင့် ဒီဂရီကောလိပ် (၁၁) ခု ရှိ ကျောင်းသား/သူ (၁၂၀၀) ကျော် တို့ကို တစ်နှစ်တာ ပညာသင်စရိတ် သုံးသိန်းကျပ်နှုန်း ဖြင့် ပညာသင်နှစ် (၄) နှစ် အထိ ထောက်ပံ့ပေးအပ် နိုင်ခဲ့ကြောင်း ၊ ပေါက်ဖော် ပညာသင် ထောက်ပံ့ကြေး ရရှိသော ကျောင်းသား/သူ များ အနက် (၁၀) ဦး ကိုလည်း တရုတ် နိုင်ငံရှိ တက္ကသိုလ်များ သို့ လေ့လာရေး ခရီးများ စေလွှတ်ပေးခဲ့ကြောင်း ၊ အခြေခံပညာကျောင်း များနှင့် ပတ်သက်၍လည်း တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာသင်စရိတ်များ ထောက်ပံ့ခြင်း ၊ Panda Pack များ ထောက်ပံ့ပေးခြင်း နှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေး စီမံချက်များ ဆောင်ရွက်ပေးခြင်း တို့ကို ပြုလုပ်ပေး ခဲ့ကြောင်း ၊ ထို့အပြင် တရုတ်-မြန်မာ ချစ်ကြည်ရေး စီမံချက် နှင့် ပတ်သက်၍ မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ၏ ထောက်ပံ့မှုဖြင့် လေးနှစ်တာ ကာလ အတွင်း တိုင်းနှင့် ပြည်နယ် (၁၂) ခုရှိ မြို့နယ် (၂၃) မြို့နယ် မှ ကျောင်းပေါင်း (၃၀) ရှိ ကျောင်းသား/သူ ၂၅၁၀ ဦး အတွက် ငွေကျပ် (၆၂၂၀ ဒသမ ၅) သိန်း ကို ပညာသင်ဆု အဖြစ် ထောက်ပံ့ပေးခဲ့ကြောင်း ၊ ယခုကဲ့သို့ မြန်မာ နိုင်ငံ ပညာရေး ကဏ္ဍ နှင့် ပက်သက်၍ တစ်ဖက်တစ်လမ်း က အထောက်အပံ့များ ပေး ခဲ့သည့် CFPA အား ပညာရေး ဝန်ကြီးဌာန အနေဖြင့် အထူးကျေးဇူး တင်ရှိကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး မစ္စတာ ရန်ဆုံကျိန်း က နှုတ်ခွန်းဆက် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး မစ္စတာ ရန်ဆုံကျိန်း က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ က နက်ရှိုင်းသည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ဆက်ဆံရေး တည်ရှိပြီး လက်ရှိချိန်တွင်လည်း နှစ်နိုင်ငံ အနေဖြင့် ရပ်ဝန်း နှင့် ပိုးလမ်းမ(ခေတ်သစ်ပိုးလမ်းမကြီး) နှင့် တရုတ်-မြန်မာ စီးပွားရေး စြင်္က ံ တို့အား အတူတကွ တက်ကြွစွာ တည်ဆောက်နေကြောင်း ၊ လတ်တလော နှစ်ပိုင်း အတွင်း တရုတ် နိုင်ငံ အစိုးရ က မြန်မာ နိုင်ငံ အတွင်း ချစ်ကြည်ရေး ဆေးရုံများ တည်ဆောက်ပေးခြင်း နှင့် ချစ်ကြည်ရေး စာသင်ကျောင်းများ တည်ဆောက်ပေးခဲ့ခြင်း က မြန်မာ နိုင်ငံ ပြည်သူလူထု တို့၏ လှိုက်လှဲစွာ ကြိုဆိုမှု ကို ရရှိခဲ့ကြောင်း ၊ CFPAက မြန်မာ နိုင်ငံ တွင် ပထမ ဦးဆုံး မှတ်ပုံတင်ခဲ့သည့် တရုတ် နိုင်ငံ NGO အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး ၄ နှစ်တာ ကာလ အတွင်း မြန်မာ နိုင်ငံ ပညာရေး ဝန်ကြီးဌာန နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှု ထားရှိကာ မြန်မာ နိုင်ငံ ပညာရေး ကဏ္ဍ နှင့် ပတ်သက်သည့် ဆောင်ရွက်မှုများ က အောင်မြင်မှုများစွာ ရရှိနိုင်ခဲ့ကြောင်း ၊ ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (ခေတ်သစ်ပိုးလမ်းမကြီး ) အောက်တွင် တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ နှင့် NGO အဖွဲ့အစည်း များ က မြန်မာ နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး နှင့် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရေး တို့ကို တွန်းအားပေး ဆောင်ရွက်နိုင်ခဲ့ပြီး အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု တို့ကို သိသာထင်ရှားစွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ၊ နှစ်နိုင်ငံ ကဏ္ဍ အသီးသီး ၏ ပူးပေါင်းဆောင်ရွက်မှုများ အောက်တွင် မြန်မာ နိုင်ငံ ပြည်သူလူထု တို့ က ပိုမို များပြားသည့် အကျိုးကျေးဇူး ကို ရရှိသွား နိုင်မည် ဖြစ်ပြီး နှစ်နိုင်ငံ အကြား တည်ရှိနေသည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည် ဆက်ဆံရေး ကိုလည်း အဆက်မပြတ် မြှင့်တင်ပေးနိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

CFPA ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ဝမ်ရှင်ကြွေ့ (Mr.Wang Xingzui) က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြား နေစဉ်(ဆင်ဟွာ)

CFPA ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ဝမ်ရှင်ကြွေ့ (Mr.Wang Xingzui) က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားရာတွင် CFPA က ၁၉၈၉ ခုနှစ်တွင် တည်ထောင်ခဲ့သည့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ နှင့် ဖွံ့ဖြိုးတိုးတာမှုဆိုင်ရာ အကူအညီပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ၊ CFPA အနေဖြင့် ၂၀၁၈ ခုနှစ် အထိ လူပေါင်း ၃၃ဒသမ၄၂၃၇ သန်း အတွက် တရုတ် ယွမ်ငွေ ၅.၈၅၂ ဘီလီယံ အသုံးပြု ခဲ့ပြီး နိုင်ငံတကာ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ကူညီထောက်ပံ့မှုများ အတွက် တရုတ်ယွမ်ငွေ သန်းပေါင်း ၁၆၀ ခန့် ကို အသုံးပြု ခဲ့ကြောင်း ၊ CFPA အနေဖြင့် ကလေးများ နှင့် ပတ်သက်၍ ဆင်းရဲနွမ်းပါးမှုမရှိရေး၊ ဆာလောင်မှုမဖြစ်ရေး၊ ကျန်းမာသန်စွမ်းရေး၊ ကောင်းမွန်သည့် ပညာသင်ကြားမှု ရရှိရေး ၊ သန့်ရှင်းသော ရေရရှိရေး ၊ ကောင်းမွန်သော အလုပ်အကိုင်ရရှိရေး နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး စသည် ဦးတည်ချက် ၆ခုကို တို့အား ရေရှည်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း အဖြစ် နိုင်ငံတကာ တွင် ဆောင်ရွက်ပေး ခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ ပညာရေး ကဏ္ဍ နှင့် ပတ်သက်၍ ဘက်စုံ ကူညီထောက်ပံ့မှုများ ပြုလုပ်နေပြီး စီမံကိန်း များ အကောင်အထည် ဖော်ရာတွင် ကူညီအားဖြည့် ပေးခဲ့သည့် မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး အား ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

ပေါက်ဖော်ပညာသင်ဆု ရရှိခဲ့သည့် ကျောင်းသူ မသန္တာအောင် က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ပြန်လည် ဖြေကြားနေစဉ်(ဆင်ဟွာ)

Panda Pack ရရှိသည့် ကျောင်းများ ၏ ကိုယ်စား ဆရာမ သက်စုထွေး က ကျေးဇူးတင်စကား ပြောကြားရာတွင် CFPAမှ ပေးအပ်သည့် Panda Pack အား လှိုင်သာယာ မြို့နယ် အတွင်းရှိ မူလတန်းကျောင်းပေါင်း (၂၆) ကျောင်းရှိ ကျောင်းသား/သူ ပေါင်း ၁၄,၇၈၀ က ရရှိနိုင်ခဲ့ကြောင်း ၊ ယခုကဲ့သို့ လှူဒါန်းပေးခြင်း က ကျောင်းသား/သူ များ၏ ပညာရေး ကဏ္ဍ ကို အမှန်တကယ် ထောက်ပံ့ပေးနိုင်မည် ကို အပြည့်အဝ ယုံကြည်ကြောင်း ၊ ထို့ကြောင့် ကျောင်းသား/သူ အားလုံး၏ ကိုယ်စား CFPA အား ကျေးဇူးအထူးပင် တင်ရှိကြောင်း ပြောကြား ခဲ့သည်။

CFPA ၏ မြန်မာ နိုင်ငံ ရုံးခွဲ ဖွင့်လှစ်ခြင်း (၄) နှစ် ပြည့် နှင့် Panda Pack ပေးအပ် လှူဒါန်းပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ပေါက်ဖော်ပညာသင်ဆု ရရှိခဲ့သည့် ဒဂုံတက္ကသိုလ် ၊ နိုင်ငံတကာ ဆက်ဆံရေး ပညာ ဌာန တတိယ နှစ် ဂုဏ်ထူးတန်း ကျောင်းသူ မ သန္တာအောင် က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ပြန်လည် ဖြေကြားရာတွင် မိမိ အနေဖြင့် နယ် မှ ရန်ကုန် သို့ ကျောင်းလာ တက်ရသဖြင့် ကုန်ကျစရိတ် အလွန်များကြောင်း ၊ ယခုကဲ့သို့ ပေါက်ဖော် ပညာသင်ဆု ရရှိခဲ့သည့် အတွက် တက္ကသိုလ် ပညာရေး နှင့် ပိုမို အဆင့်မြှင့်သည့် ပညာရပ်များ ကို လေ့လာသင်ယူ နိုင်ခွင့် ရရှိခဲ့ကြောင်း ၊ ပေါက်ဖော် ပညာသင်ဆု က ကျောင်းပိတ်နေသည့် ကာလတွင်လည်း ဆက်လက်ပေးအပ်နေသောကြောင့် မိမိ တို့ သင်ယူလိုသော ဘာသာစကား သင်တန်းများ ၊ နည်းပညာ သင်တန်များ နှင့် လူစွမ်းအား အရင်းအမြစ် စသည့် သင်တန်များကိုလည်း တက်ရောက် နိုင်ခဲ့သည့် အတွက် ကျောင်းပညာရေး သာမက အခြား ကျွမ်းကျင်မှု ပညာရပ်များကိုလည်း ဖြည့်စွက် နိုင်ခဲ့ကြောင်း ၊ မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီး ပူးပေါင်းဆောင်ရွက်မှု အောက်မှ ရရှိလာသည့် ပညာသင်ဆုများ က မြန်မာ နိုင်ငံ ကျောင်းသား/သူ များ အတွက် များစွာ အထောက်အကူ ဖြစ်စေသည့် အတွက် ကျေးဇူးတင်လိုပြီး မြန်မာ နိုင်ငံ ပညာရေး ကဏ္ဍ အတွက် ဆက်လက် ပိုမို ထောက်ပံ့သွားနိုင်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

CFPA ၏ မြန်မာ နိုင်ငံ ရုံးခွဲ ဖွင့်လှစ်ခြင်း (၄) နှစ် ပြည့် နှင့် Panda Pack ပေးအပ် လှူဒါန်းပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

CFPA ၏ မြန်မာ နိုင်ငံ ရုံးခွဲ ဖွင့်လှစ်ခြင်း (၄) နှစ် ပြည့် နှင့် Panda Pack ပေးအပ် လှူဒါန်းပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

CFPA ၏ မြန်မာ နိုင်ငံ ရုံးခွဲ ဖွင့်လှစ်ခြင်း (၄) နှစ် ပြည့် နှင့် Panda Pack ပေးအပ် လှူဒါန်းပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

CFPA ၏ မြန်မာ နိုင်ငံ ရုံးခွဲ ဖွင့်လှစ်ခြင်း (၄) နှစ် ပြည့် နှင့် Panda Pack ပေးအပ် လှူဒါန်းပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

CFPA ၏ မြန်မာ နိုင်ငံ ရုံးခွဲ ဖွင့်လှစ်ခြင်း (၄) နှစ် ပြည့် နှင့် Panda Pack ပေးအပ် လှူဒါန်းပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

CFPA ၏ မြန်မာ နိုင်ငံ ရုံးခွဲ ဖွင့်လှစ်ခြင်း (၄) နှစ် ပြည့် နှင့် Panda Pack ပေးအပ် လှူဒါန်းပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖောင်ဒေးရှင်း (CFPA) က မြန်မာနိုင်ငံ ပညာရေးကဏ္ဍ နှင့် ပတ်သက်၍ ပေါက်ဖော်ပညာရည်ချွန်ဆု (Paukphaw scholarship) ချီးမြှင့်ခြင်း၊ ပန်ဒါအိတ်များ (Panda Pack) လှူဒါန်းခြင်း၊ ကွန်ပြူတာခန်းများ (Computer Lab) ပြုလုပ်ပေးခြင်း၊ တရုတ်-မြန်မာ ချစ်ကြည်ရေးပညာရည်ချွန်ဆုချီးမြှင့်ခြင်း (China-Myanmar Friendship Scholarship) နှင့် ရှမ်းပြည်နယ်အတွက် ကျောင်းသုံးပစ္စည်းများ လှူဒါန်းခြင်း အပါအဝင် ကျောင်းများပြုပြင် ဆောက်လုပ်ခြင်း လုပ်ငန်းများ စသည်ဖြင့် စီမံကိန်း ၆ခု အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ၊ ၂၀၁၈ ခုနှစ် တွင် Panda Pack စုစုပေါင်း အရေအတွက် ၄၀,၀၀၀ ကို မြန်မာ နိုင်ငံ ပြည်နယ် နှင့် တိုင်း ၅ ခုရှိ မြို့နယ်ပေါင်း ၅၁ မြို့နယ် မှ စာသင်ကျောင်းပေါင်း ၂၁၀ ရှိ ကျောင်းသား/သူ ၄၀,၀၀၀ အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တွင်လည်း ပြည်နယ် နှင့်တိုင်း ၁၀ ခုရှိ မြို့နယ်ပေါင်း ၁၅ မြို့နယ် မှ မူလတန်းကျောင်း များကို Panda Pack စုစုပေါင်း အရေအတွက် ၁၀၀,၀၀၀ ဆက်လက်လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)