Connect with us

Videos

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်တွင် CPC၏ ဦးဆောင်မှုအခန်းကဏ္ဍသည် အထူးအရေးပါ

ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အမျိုးသားဥပဒေပြုရေးအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) ၏ ဦးဆောင်မှုအခန်းကဏ္ဍသည် တရုတ်ဝိသေသလက္ခဏာများ နှင့်အတူ ဆိုရှယ်လစ်ဝါဒ၏ ပုံရိပ်ကို အဓိပ္ပာယ်သတ်မှတ်ခြင်းဖြစ်ကြောင်း ထည့်သွင်းရေးသားခဲ့ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ချက်အား မတ် ၁၁ရက်တွင် ပြဋ္ဌာန်းခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသည် အမြဲရှင်းလင်းပြတ်သားပြီး CPC ၏ ဦးဆောင်မှု အပေါ်တွင် တသမတ်တည်းဖြစ်ကြောင်း၊ အခြေခံဥပဒေတွင် ပြင်ဆင်မှု အသစ်များ ထည့်သွင်းရေးသားခြင်းဖြင့် အခြေခံမူ ခိုင်မာနက်ရှိုင်းလာပြီး ကျယ်ပြန့်လာကြောင်း ၁၂ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဥပဒေပြုရေးဆိုင်ရာ ကော်မရှင် ဥက္ကဋ္ဌ စိန်ချွန်းရောင် က ဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည်သုံးသပ်မှု ဆိုင်ရာ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

အခြေခံဥပဒေ ပြန်လည်သုံးသပ်မှုသည် CPC ဦးဆောင်မှု ၏ အခြေခံကျသော၊ ပြီးပြည့်စုံသော၊ ခေတ်နှင့်အညီဖြစ်သော သဘာဝကို ထင်ဟပ်စေကြောင်း ၎င်းကပြောကြားခဲ့သည်။

ဆက်လက်၍ စိန်က ပါတီသည် နိုင်ငံ၏ နယ်မြေ အစိတ်အပိုင်းတိုင်းရှိ ကဏ္ဍပေါင်းစုံတွင် အားထုတ်ကြိုးပမ်းကာ ခေါင်းဆောင်မှုပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.