Africa & Middle East
ပါကစ္စတန်နိုင်ငံ အနောက်တောင်ဘက်တွင် ဖြစ်ပွားသည့် ပေါက်ကွဲမှုတွင် ၂ ဦးသေဆုံး၍ ၆ဦးဒဏ်ရာရရှိ
အစ္စလာမ်မာဘတ်၊ သြဂုတ် ၇ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံ ၏ အနောက်တောင်ဘက် Balochistan ပြည်နယ်၊ Quetta မြို့၌ ဗုံးခွဲတိုက်ခိုက်မှုတစ်ခုတွင် လူ၂ ဦးသေဆုံးခဲ့ပြီး အခြား ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
Quetta မြို့ Mission လမ်းမကြီး၏ ဘေးကပ်ရှိ Haideri ဈေးက ဈေးဆိုင်တစ်ဆိုင်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ အခင်းဖြစ်ပွားရာနေရာရှိ ရဲစခန်းမှ ရဲအရာရှိက မီဒီယာကိုပြောသည်။
၎င်းပေါက်ကွဲမှုကြောင့် ထိုဆိုင်တစ်ခုလုံးပျက်စီးသွားသလို အနီးရှိ တစ်ခြားဆိုင်များ လည်းပျက်စီးသွားခဲ့ကြောင်း သိရသည်။
ရဲနှင့် ကယ်ဆယ်ရေးအဖွဲ့များက အခင်းဖြစ်ပွားရာနေရာမှ ရုပ်အလောင်းများ နှင့် ထိခိုက်ဒဏ်ရာရသူများ ကို အပျက်အစီးများကြားမှ သယ်ဆောင်၍ အနီးအနားရှိ ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။
လူများသည် မကြာခင်ကျရောက်တော့မည့် အစ်ပွဲတော်အတွက် ဈေးဝယ်နေချိန် တွင် ၎င်းဈေးဆိုင်တွင် ဗုံးပေါက်ကွဲ၍ ဆိုင်မှာ ပျက်ဆီးခဲ့ကြောင်း သိရသည်။
ပဏာမစုံစမ်းမှုအရ ဗုံးမှာ အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲသည့်ဗုံးမျိုးဖြစ်ပြီး မည်သို့ပေါက်ကွဲခဲ့သည်ကို စိစစ်နေကြောင်း ရဲတပ်ဖွဲ့က တာဝန်ရှိသူက ဆိုသည်။ (Xinhua)