Connect with us

Africa & Middle East

လစ်ဗျားနိုင်ငံ မြို့တော်တွင် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားမှုကြောင့် လူပေါင်း ဒါဇင်နှင့်ချီ၍ သေဆုံးဒဏ်ရာရ

လစ်ဗျားတွင် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေမှုအား တွေ့ရစဉ် (ဆင်ဟွာ)

ထရီပိုလီ ၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ)

လစ်ဗျားနိုင်ငံ မြို့တော်ထရီပိုလီတွင် စက်တင်ဘာ ၂၁ ရက်က ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခ များကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး ၅၉ ဦး ဒဏ်ရာရရှိခဲ့ရာ ၎င်းတို့အနက် အများစုမှာ အရပ်သားပြည်သူ များ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၂ ရက် တွင် ထုတ်ပြန် ကြေညာခဲ့သည်။

လစ်ဗျားအစိုးရဌာနများ၏ စာရင်းဇယားများ အရ သြဂုတ် လကုန်ပိုင်းမှစ၍ ထရီပိုလီတွင် လက်နက် ကိုင်ပဋိပက္ခဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၀၆ ဦး ရှိပြီး လူပေါင်း ၃၆၀ ကျော် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

အားလုံး အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ကို လိုက်နာကြရန်နှင့် လက်နက်ကိုင်ပဋိပက္ခများ လူနေထိုင်ရာနေရာများအထိ ဖြစ်ပွားနေမှုအား ဆန့်ကျင်ကန့်ကွက်ကြောင်း လစ်ဗျားကူညီထောက်ပံ ရေး ကုလသမဂ္ဂအထူးအဖွဲ့က စက်တင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

လစ်ဗျားအစိုးရတပ်နှင့်အခြားလက်နက်ကိုင်အဖွဲ့များသည် သြဂုတ်လကုန်ပိုင်းမှစ၍ ထရီပိုလီ တောင်ပိုင်းဒေသများတွင် လက်နက်ပဋိပက္ခများဖြစ်ပွားခဲ့သည်။ စက်တင်ဘာ ၄ ရက်တွင် ကမ္ဘာ့ ကုလသမဂ္ဂ၏ စေ့စပ်ညှိနှိုင်းမှုဖြင့် အပစ်ခတ်ရပ်စဲရေးသဘောတူညီမှု ရရှိခဲ့သော်လည်း ပဋိပက္ခများ မှာ လုံး၀ ချုပ်ငြိမ်းသွားခြင်းမရှိပေ။

လစ်ဗျားနိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် မွမ်မာဂါဒါဖီအစိုးရအဖွဲ့ ဖြုတ်ချခံရပြီးနောက် နိုင်ငံအတွင်း မငြိမ်မသက်မှုများဖြစ်ပွားခဲ့ရာ လက်ရှိတွင် အင်အားနှစ်ခု ကွဲထွက်နေ ပြီး ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားနေသည်။ လစ်ဗျားနိုင်ငံ အမျိုးသား ညွှန်ပေါင်းအစိုးရနှင့် ၎င်းတို့အား ထောက်ခံသည့် လက်နက်ကိုင်အင်အားစုမှာ အနောက်ပိုင်းဒေသအချို့ကို ထိန်းချုပ်ထားပြီး အောက်လွတ်တော် အဖွဲ့က လစ်ဗျားနိုင်ငံအရှေ့ပိုင်းရှိ Tobruk မြို့တွင် အစိုးရဖွဲ့၍ Khalifa Haftar ဦးဆောင်သည့် အမျိုးသားတပ်မတော် နှင့်ပူးပေါင်းကာ လစ်ဗျားအရှေ့ပိုင်း၊အလယ်ပိုင်း ဒေသများ၊ တောင်ပိုင်းရှိ အဓိက မြို့များနှင့် အနောက်ပိုင်းရှိမြို့အချို့ကို ထိန်းချုပ်ထားသည်။ (Xinhua)