Connect with us

Africa & Middle East

တန်ဇန်းနီးယားနိုင်ငံတွင် ရေယာဉ်နစ်မြုပ်မှုကြောင့် သေဆုံးသူ ၂၀၉ ဦး အထိ မြင့်တက်လာ


ဒါအိစလန် ၊ စက်တင်ဘာ၂၃ ရက်(ဆင်ဟွာ)

တန်ဇန်းနီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ Mwanza ပြည်နယ်တွင် လွန်ခဲ့သည့်ရက် အနည်းငယ် ဖြစ်ပွားခဲ့သည့် ရေယာဉ်နစ်မြုပ်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၂၀၉ ဦး ရောက်ရှိသွားပြီဖြစ်ကြောင်း တန်ဇန်းနီးယားအရာရှိတစ်ဦးက စက်တင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

ရေယာဉ်နစ်မြုပ်မှုကြောင့် သေဆုံးသူ ၂၀၉ ဦးအထိရှိပြီဖြစ်ပြီး ထပ်တိုးလာနိုင်ဖွယ် ရှိကြောင်း ၊ယခုအခါ နစ်မြုပ်နေသည့် ရေယာဉ်ကို ဗစ်တိုးရီးယားရေကန်မှ ဆွဲသွားရန် ချိတ်ဆွဲရေး ပစ္စည်းများပါဝင်သည့် သင်္ဘောတစ်စီးသည် အခင်းဖြစ်နေရာသို့ သွားရောက်နေပြီဖြစ်ကြောင်း ၊ စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းက အသက်ရှင်ကျန်ရစ်သူတစ်ဦးကို တွေ့ရှိရသော်လည်း အသက် အန္တရာယ်စိုးရိမ်ရသောကြောင့် အရေးပေါ်ကယ်ဆယ်မှုများ ပြုလုပ်နေရကြောင်း သယ်ယူ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးIsack Kamwelweက စက်တင်ဘာ ၂၂ ရက် ညနေပိုင်း Mwanza ပြည်နယ်တွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ရေယာဉ်နစ်မြုပ်မှုတွင် ရှာဖွေကယ်ဆယ်ရေးများပြုလုပ်နေစဉ် (ဆင်ဟွာ)

ရေယာဉ်နစ်မြုပ်မှုတွင် ရှာဖွေကယ်ဆယ်ရေးများပြုလုပ်နေစဉ် (ဆင်ဟွာ)

ရေယာဉ်နစ်မြုပ်သည့်နေ့မှစ၍ တစ်နိုင်ငံလုံး ဝမ်းနည်းခြင်းအထိမ်းအမှတ် ၄ ရက် ကျင်းပရန် တန်ဇန်း နီးယားနိုင်ငံ သမ္မတ Magufuliက စက်တင်ဘာ ၂၁ ရက်တွင် ကြေညာခဲ့သည်။ အခင်းဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ ကနဦး စစ်ဆေးချက်များပြုလုပ်ရာတွင် ဝန်ပိုတင်ခြင်းကို တွေ့ရသလို သင်္ဘောကပ္ပတိန်မှ ပဲ့ကိုင်ခြင်းမရှိသည်ကိုတွေ့ရကြောင်း ၊အခင်းဖြစ်ပွားသည့်အကြောင်းရင်းကို ဘက်စုံ စုံစမ်းစစ်ဆေးမှု များ ပြုရန် ညွှန်ကြားထားကြောင်း သမ္မတ Magufuliက ရုပ်မြင်သံကြားမှတစ်ဆင့်ပြောကြားခဲ့သည်။

ရေယာဉ်မှာ စက်တင်ဘာ ၂၀ ရက် ညနေပိုင်းက Mwanza ပြည်နယ် ဗစ်တိုးရီးယားရေကန်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝန်ပိုတင်ဆောင်ခြင်း၊ရေယာဉ်ဟောင်းဆွေးကြာမြင့်ခြင်းတို့ကြောင့် တန်ဇေးနီးယားတွင် ရေယာဉ် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ (Xinhua)