Connect with us

Africa & Middle East

အီဂျစ်ခရီးသည် တင်လေယာဉ် တစ်စင်း အပိုင်စီးခံရပြီး ဆိုက်ပရပ်စ် ကျွန်းတွင်း အရေးပေါ် ဆင်းသက်ခဲ့ရ

အပိုင်စီးခံထားရသည့် အီဂျစ် ခရီးသည်တင် လေယာဉ် ဆိုက်ပရပ်စ်ကျွန်း Larnaka လေဆိပ်တွင် ဆင်းသက်ထားစဉ် ( ဓာတ်ပုံ-အင်တာနက် )

ကိုင်ရို ၊ မတ် ၂၉ (ဆင်ဟွာ)

အီဂျစ်နိုင်ငံ အလက်ဇန္ဒရီးယားမြို့မှ ကိုင်ရိုမြို ့သို့ပျံသန်းလာသော အီဂျစ်လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ် တစ်စင်းသည် လေယာဉ်အပိုင်စီးခံလိုက်ရသဖြင့် ဆိုက်ပရပ်စ်ကျွန်း တောင်ဖက်ကမ်းခြေရှိ Larnaka လေဆိပ်သို့အရေးပေါ် ဆင်းသက်လိုက်ရကြောင်း အီဂျစ် ပြည်တွင်းလေကြောင်းပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် ဆိုက်ပရပ်စ် နိုင်ငံပိုင် အသံလွှင့်ဌာနက ကြေညာသွားသည်။

အစောပိုင်းသတင်းများအရ လေယာဉ်ပေါ်တွင် ခရီးသည် ၈ဝ ဦးလိုက်ပါလာပြီး ၎င်းထဲမှ အမျိုးသားတစ်ဦးသည် ဗုံးသယ်ဆောင်လာသည်ဟု သံသယ ရှိကြောင်း ဆိုက်ပရပ်စ် ရေဒီယို ကထုတ်လွှင့်ခဲ့သည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.