Connect with us

Asia

ဘာလီကျွန်းပေါ်ရှိ ကြိုးတံတားတစ်စင်းပြိုကျ ၉ ဦးသေ ၊ ၃၄ ဦးဒဏ်ရာရ

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ ပြိုကျသွားသောကြိုးတံတားအား မပြိုကျခင်မြင်တွေ့ ရစဉ်(ဆင်ဟွာ)

ဂျကာတာ ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းပေါ်၌ အောက်တိုဘာလ ၁၆ ရက် ညပိုင်းက တံတားတစ်စင်း ပြိုကျမှုဖြစ်ပွားခဲ့ရာ လူ ၉ ဦးသေဆုံးပြီး ၃၄ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း ဒေသတွင်း ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်က ဆိုသည်။

အဆိုပါ ကြိုးတံတားပြိုကျမှုသည် ဒေသစံတော်ချိန် ည ၇ နာရီ ၃ဝ မိနစ်ခန့်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ Nusa Lembongan နှင့် Nusa Ceningan တို့အကြား ဆက်သွယ်ထားပေးသည့် ၎င်းကြိုးတံတားသည် လူအများအပြား အုပ်စုလိုက်ဖြတ်သန်းသွားလာခြင်းကြောင့် ပြိုကျသွားခဲ့ရခြင်းဖြစ်ကြောင်း ဘာလီ ကျွန်း၏ ကယ်ဆယ်ရေး နှင့် ရှာဖွေရေးရုံး အကြီးအကဲ Didi Hanzar ကဆိုသည်။

“ ဘာသာရေးပွဲတော်ကာလအတွင်းမှာ တံတားပေါ်ကို လူတွေ ကားတွေ အများကြီး ဖြတ်သန်းသွားလာခဲ့တယ်။ ဒါကြောင့် တံတားကို ဆွဲထားတဲ့ ကြိုးတစ်ချောင်းပျက်ကျသွားခဲ့တယ်” ဟု ကျွန်းတာဝန်ရှိသူတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ဖုန်းဖြင့် ဖြေကြားခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် တံတားအနီး တစ်ဝိုက်တွင် သေဆုံးသူများ နှင့် ဒဏ်ရာရသူများကို အရေးပေါ်ရှာဖွေကယ်ဆယ်နေကြောင်း ၊ အခြားသူများမှာ ရေထဲသို့ပြုတ်ကျသွားဖွယ်ရာရှိကြောင်း Hanzar ကပြောသည်။

“ ညတုန်းကတော့ ရှာဖွေရေးနဲ့ကယ်ဆယ်ရေးကို အခက်အခဲတွေကြောင့် ရပ်ခဲ့ရတယ်။ တနင်္လာနေ့မနက် ၅ မှ ပြန်စနေပါပြီ” ဟု ၎င်းကပြောသည်။

တံတားပြိုကျစဉ် လူအုပ်ကြီး နှင့် ဆိုင်ကယ်များသည် ရေထဲသို့ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။ ပျောက်ဆုံးနေသူဦးရေ အတိအကျကို ယခုအချိန်ထိ မသိရှိရသေးကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီမှ ပြောခွင့်ရပုဂ္ဂိုလ် Sutopo Purwo nugroho က ဆင်ဟွာသို့ပြောကြားခဲ့သည်။ဒဏ်ရာရသူ အားလုံးကို နီးစပ်ရာဆေးရုံသို့ပို့ဆောင်ထားကြောင်း ၎င်းက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.