Connect with us

Asia

ဘရူနိုင်းနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ရောက်ရှိလာသည့် ဖိလစ်ပိုင်သမ္မတ

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေး အားတွေ့ရစဉ် (ဆင်ဟွာ)

ဘန်ဒါစရီဘီဂါဝမ်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေး သည် ဘရူနိုင်းနိုင်ငံသို့ ၎င်း၏ ပထမဆုံး နိုင်ငံတော်ခရီးစဉ်အဖြစ် အောက်တိုဘာ ၁၆ ရက်ညနေပိုင်းက ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ဒူတာတေးအား ဘရူနိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီး Hj Awang Abu Bakar၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး နှင့် ကုန်သွယ်ရေးဝန်ကြီး Lim Jock Seng နှင့် အခြား အဆင့်မြင့် အစိုးရအရာရှိကြီးများ က ဘရူနိုင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လာရောက် ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ဖိလစ်ပိုင်သမ္မတ သည် ဘန်ဒါစရီဘီဂါဝမ်မြို့ရှိ မိုးလုံလေလုံအားကစားကွင်း၌ ဖိလစ်ပိုင်လူမျိုး ၇,၀၀၀ကျော်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

၎င်း၏ ခရီးစဉ်အတွင်း ဒူတာတေးအား ဘရူနိုင်းဘုရင် Haji Hassanal Bolkiah နှင့် မတွေ့ဆုံမီ တရားဝင်ဖိတ်ကြားချက်အရ Istana Nurul Iman နန်းတော်၌ အောက်တိုဘာ ၁၇ရက်တွင် တရားဝင်ကြိုဆိုမှုအစီအစဉ်ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

ဒူတာတေးသည် စက်တင်ဘာ အစောပိုင်းက ဘရူနိုင်းနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားသော်လည်း ၎င်း၏ဇာတိမြို့ဖြစ်သော Davaoမြို့တွင် လူသေဆုံးမှုဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုကြောင့် ဘရူနိုင်းခရီးစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

ဘရူနိုင်းနိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံနှင့် ခိုင်မာတည်မြဲသော ဆက်ဆံရေးအခြေအနေတွင်ရှိနေပြီး ဖိလစ်ပိုင်နိုင်ငံ မင်ဒါနာအိုကျွန်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ တက်ကြွစွာ ကူညီထောက်ပံ့ပေးသည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.