Connect with us

Australia / Oceania

ရုရှားမိုးပျံဘောလုံး စီးသူ နယူးဇီလန် လေပိုင်နက်အတွင်း ဝင်ရောက်၍ ကမ္ဘာ့စံချိန်သစ်တင်

ဝဲလင်တန် ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံသား စွန့်စွန့်စားစား မိုးပျံဘောလုံး စီးသမား Fedor Konyukhov သည် နယူးဇီလန်နိုင်ငံ လေပိုင်နက် အတွင်း ဝင်ရောက်၍ လေပူသုံး မိုးပျံဘောလုံးစီးခြင်း ကမ္ဘာ့စံချိန်သစ် တစ်ရပ်ကို တင်လိုက်နိုင်ပြီ ဖြစ်ကြောင်း နယူးဇီလန် လေကြောင်းထိန်းသိမ်း အေဂျင်စီက ဇူလိုင်လ ၁၅ ရက်တွင် ထုတ်ဖော် ပြောကြားလိုက်သည်။

အဆိုပါ မိုးပျံဘောလုံးသည် ဇူလိုင်လ ၁၅ ရက် မွန်းလွဲပိုင်းတွင် နယူးဇီလန်နိုင်ငံ လေကြောင်း ထိန်းသိမ်းရေးဌာနသို့ပြန်လည် ဆင်းသက်နိုင်ခဲ့ကြောင်း နယူးဇီလန် လေကြောင်းဌာန လေကြောင်း ပျံသန်းရေး အရာရှိချုပ် Pauline Lamb ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းမိုးပျံဘောလုံးသည် နယူးဇီလန်၏ အဓိက ကျွန်းကြီးနှစ်ခု အနက် မြောက်ဖက်ကျွန်း အနီးတစ်ဝိုက်မှ စတင် ပျံသန်းပြီး တောင်ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကာ အမြင့် ၈,ဝဝဝ မီတာမှ ပျံသန်းခဲ့ကြောင်း မျှော်လင့်ရသည်။
“ ဘောလုံး ပတ်ပတ်လည်မှာ ကန့်သတ်နေရာတွေ ဒါမှမဟုတ် နှစ်နာရီစာ ဗူဖောင်းငယ်တစ်လုံးကို ဖန်တီး ထားပါတယ်။ အဲဒီနည်းနဲ့ကောင်ကင်ပြင်မှာ ပျံသန်းနေတဲ့ လေယာဉ်တွေ နဲ့မိုးပျံဘောလုံး မတိုက်မိအောင် ကြိုတင် ကာကွယ်ရေး အစီအစဉ်တွေ လုပ်ထားခဲ့ပါတယ်” ဟု Lamb က ပြောသည်။
အဆိုပါ မိုးပျံဘောလုံးတွင် ထောက်လှန်းရေးစနစ် နှင့် ပုံမှန် လေယာဉ်တစ်စင်းတွင် ပါဝင်သော ပို့ဆောင်ရေးစနစ် နှင့် ဂြိုလ်တုဖုန်း စနစ် အပါအဝင် ဆက်သွယ်ရေး ကိရိယာများ တပ်ဆင်ထားကြောင်း သိရသည်။ Konyukhov သည် Morton ဟု အမည်ပေးထားသည့် မိုးပျံဘောလုံးကို စီးကာ ဇူလိုင်လ ၁၂ ရက်တွင် သြစတြေးလျနိုင်ငံ မြောက်ပိုင်း မှ စတင် စီးနင်းခဲ့ကြောင်း သိရသည်။
Konyukov သည် ခရီးအကွာအဝေး ၃၃,ဝဝဝ ကီလိုမီတာကို အချိန် ၁၃ ရက် သို့မဟုတ် ၁၃ ရက်ထက် လျော့နည်း၍ ခရီးနှင်ခဲ့ပြီး ၂ဝဝ၂ ခုနှစ်က အမေရိကန် နိုင်ငံသား Steve Fossett ၏ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.