Connect with us

Australia / Oceania

နယူးဇီလန် အကောက်ခွန်က အမေရိကန်ဒေါ်လာ သန်းချီ တန်ဖိုးရှိသည့် မူးယစ်ဆေးဝါများ ဖမ်းမိ

နယူးဇီလန် အကောက်ခွန် အရာရှိများက ဖမ်းဆီးရမိထားသော မူးယစ်ဆေးဝါးများအား စစ်ဆေးနေစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝဲလင်တန် ၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

နယူးဇီလန်နိုင်ငံ အကောက်ခွန် အရာရှိများသည် နယူးဇီလန် ဒေါ်လာသန်း ၃ဝ (အမေရိကန်ဒေါ်လာ ၂၁.၇၉ သန်း ) တန်ဖိုးရှိ မီတာဖက်တမင်းစိတ်ကြွဆေးပြားများကို ဇူလိုင်လ ၈ ရက်တွင် သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများကို သေးငယ်သော ဂျဲတောင့်လေးများတွင် ထည့်၍ စက္ကူဖြင့် ပတ်ကာ အထုပ်ငယ်လေးများ အဖြစ် သယ်ဆောင်လာကြောင်း ၊ ၎င်းမူးယစ်ဆေးဝါး ထည့်ထားသည့် အထုပ်ပေါင်း ၄,ဝဝဝ ကို လေယာဉ်ဖြင့် သယ်ဆောင်လာခြင်း ဖြစ်ကြောင်း အကောက်ခွန် အရာရှိများက ဆိုသည်။ အထုပ်တစ်ထုပ်လျင် စီလီကာဂျဲတောင့် ၅ ခု ပါဝင်ကြောင်း သိရသည်။
၎င်းဂျဲတောင့်ငယ်များကို ဖွင့်ရန် လူပေါင်းများစွာဖြင့် တစ်ရက်ခွဲမျှ အချိန်ယူ လုပ်ဆောင်ခဲ့ရကြောင်း နယူးဇီလန်နိုင်ငံ အကောက်ခွန် စစ်ဆေးရေး မန်နေဂျာ Mauice O’Brien ကဆိုသည်။ စက္ကူအိပ် တစ်ထုပ်လျှင် မီတာဖက်တမင်း ၃.၆ ဂရမ် ပါဝင်ကြောင်း နှင့် စုစုပေါင်းအလေးချိန် ၃ဝ ကီလိုဂရမ်အထိ ရှိကြောင်း သိရသည်။
၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ လူပေါင်းမည်မျှကို ဖမ်းဆီး အရေးယူထားသည်ကိုမူ ထုတ်ဖော်ပြောကြားလိုခြင်း မရှိကြောင်း အကောက်ခွန်ဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ဆင်ဟွာ သတင်းဌာနသို့ပြောကြားသည်။
ပြီးခဲ့သော လကလည်း နယူးဇီလန် ရဲတပ်ဖွဲ့သည် နိုင်ငံအတွင်း၌ မီတာဖက်တမင်း စိတ်ကြွဆေးပြား စံချိန်တင် ပမာဏကို ဖမ်းဆီးရမိခဲ့သည်။ ထိုစဉ်က မူးယစ်ဆေးဝါး အလေးချိန် ၄၉၄ ကီလိုဂရမ် ၊ ခန့်မှန်းခြေ တန်ဖိုးမှာ နယူးဇီလန်ဒေါ်လာ ၄၉၄ သန်း ( အမေရိကန် ဒေါ်လာ ၃၅၈.၁၉ သန်း) ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.