Connect with us

Australia / Oceania

ကမ္ဘာ့ ကင်ဆာ ကြေညာစာတမ်း ဖီဂျီ လက်မှတ်ရေးထိုး

ကမ္ဘာ့ကင်ဆာ ကြေညာစာတမ်း ပိုစတာ တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

စူဗား၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

ဖီဂျီနိုင်ငံသည် ကာကွယ်နိုင်သည့် ကင်ဆာရောဂါ လူနာများအား သေဆုံးမှုနှုန်း လျှော့ချရန် ရည်မှန်းချက်ဖြင့် ကမ္ဘာ့ ကင်ဆာ ကြေညာစာတမ်း (World Cancer Declaration) အား ဇူလိုင်လ ၂၁ ရက်က လက်မှတ်ရေးထိုး လိုက်ကြောင်း သိရသည်။

ဖီဂျီနိုင်ငံ အနေဖြင့် WCD ၏ ရည်မှန်းချက်များအား ရှင်းလင်းသည့် မဟာဗျူဟာများဖြင့် နီးကပ် ပြည့်မီစွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ UICC (Union for International Cancer Control) နှင့်အတူ ဆေးခန်းစနစ်များ၊ ဝန်ဆောင်မှုများနှင့် သင်တန်းပေးခြင်း စသည်တို့အား လုပ်ဆောင်ရန် အသင့်ရှိနေကြောင်း ကျန်းမာရေးနှင့် ဆေးပညာဆိုင်ရာ ဝန်ဆောင်မှု ဝန်ကြီး Jone Usamate က ပြောသည်။
ယခုလို လက်မှတ် ရေးထိုးလိုက်ခြင်းသည် ဖီဂျီနိုင်ငံ အနေဖြင့် ကင်ဆာကြောင့် ဖြစ်ပေါ်လာစေသည့် ဝန်ထုပ် ဝန်ပိုးအား လျှော့ချရန် ကတိပြုထားချက်အား UICC နှင့် အခြား အပြည်ပြည်ဆိုင်ရာ မိတ်ဖက်များနှင့် အများ ပြည်သူကို ပြသရာလည်း ရောက်ကြောင်း Usamate က ပြောသည်။
ထို့ပြင် ဖီဂျီသည် WCD ၏ လုပ်ဆောင်ပေးမှုဖြင့် ကင်ဆာ ဝန်ထုပ်ဝန်ပိုးအား လျှော့ချရန် ကတိပြုမှု အမြောက် အမြားအား လုပ်ဆောင်ထားပြီး ဖြစ်ကြောင်း၊ ဖီဂျီနိုင်ငံတွင် လူသေဆုံးမှု၏ တတိယ အကြီးဆုံး အကြောင်းရင်း မှာ ကင်ဆာကြောင့် ဖြစ်ကြောင်းနှင့် လူသေဆုံးနှုန်းအား လျှော့ချရာတွင် ယင်းသို့ ကတိကဝတ်များက ကြီးစွာ သော အထောက်အပံ့ပေးနိုင်မည်ဟု ဆိုသည်။
ဖီဂျီနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် UICC ၏ အဖွဲ့ဝင်နိုင်ငံ တစ်ခု ဖြစ်လာခဲ့ပြီးနောက် ကင်ဆာဖြစ်ပွားနှုန်း ထိရောက်စွာ လျှော့ချရန် အပြည့်အဝ ကတိကဝတ်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.