Connect with us

Europe

ဘီလာရုဇ်နှင့် လပ်ဗီးယား နိုင်ငံတို့က အပြန်အလှန် သံတမန်ရေးရာဝန်ထမ်းများအား နှင်ထုတ်

မင့်စ်ခ် ၊ မေ ၂၅ ရက် (ဆင်ဟွာ)

လပ်ဗီးယားနိုင်ငံသည် ဘီလာရုဒ်နိုင်ငံတော်အလံအား စော်ကားခဲ့သည်ဟုဆိုကာ ဘီလာရုဒ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန က မေလ ၂၄ ရက်၌ အပြင်းအထန်ကန့်ကွက်မှုပြုလုပ်ခဲ့ပြီး ဘီလာရုဒ်နိုင်ငံဆိုင်ရာ လပ်ဗီးယားသံအမတ်ကြီး Einars Semanis အား “မကြိုဆိုထိုက်သူ” နိုင်ငံမှ တစ်ရက်အတွင်း ထွက်ခွာရန်တောင်းဆိုခဲ့သည်။ တစ်ချိန်တည်းမှာပင် လပ်ဗီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း နိုင်ငံအတွင်းရှိ ဘီလာရုဒ်နိုင်ငံ သံတမန်ရေးရာဝန်ထမ်းများအား နိုင်ငံအတွင်းမှ ထွက်ခွက်သွားရန်ကြေညာကြောင်း ထုတ်ပြန်ခဲ့သည်။ဘီလာရုဒ်နိုင်ငံက လပ်ဗီးယားသံအမတ် Einars Semanis အား နိုင်ငံအတွင်းမှ ထွက်ခွာရန်တောင်းဆိုခဲ့ကြောင်း ၊ ထို့ပြင် ဘီလာရုဒ်နိုင်ငံရှိ လပ်ဗီးယားသံရုံး မှ သံတမန်ရေးရာဝန်ထမ်းများ နှင့် သံရုံးရှိ စီမံခန့်ခွဲမှု ဆိုင်ရာဝန်ထမ်းအားလုံးနီးပါးကိုလည်း ၄၈ နာရီအတွင်း နိုင်ငံမှထွက်ခွာရန်တောင်းဆိုခဲ့ကြောင်း ၊ သံရုံးအဆောက်အဦအား စောင့်ကြည့်ရန် လူတစ်ဦးသာ ကျန်ရစ်နေထိုင် ခွင့်ပြုကြောင်း ဘီလာရုစ်နိုင်ငံ၏ သတင်းဖော်ပြချက်အရ သိရသည်။

၂၀၂၁ ခုနှစ် ကမ္ဘာ့ရေခဲပြင်ဟော်ကီ အားကစားပြိုင်ပွဲယှဉ်ပြိုင်ရန် ဘီလာရုဒ်အားကစားသမားများသည် လပ်ဗီးယားနိုင်ငံသို့ ရောက်ရှိနေကြပြီး ၎င်းတို့တည်းခိုရာဟိုတယ်ပြင်ပ၌ ချိတ်ဆွဲထားသည့် ဘီလာရုဒ်နိုင်ငံတော် အလံကို မေ ၂၄ ရက်မှစတင်ကာ ဘီလာရုစ်နိုင်ငံက တရားမဝင်အလံဟုကြေညာထားသည့် အလံဖြင့် လပ်ဗီးယားနိုင်ငံဘက်က လှဲလယ်လိုက်ကြောင်း သတင်းဖော်ပြချက်အရသိရှိရသည်။

ဘီလာရုဇ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Vladimir Makei က မေလ ၂၄ ရက်၌ လတ်ဗီးယားအား ဆင့်ခေါ်ရာတွင် လပ်ဗီးယားနိုင်ငံ၏ဆောင်ရွက်မှုသည် နိုင်ငံတကာဥပဒေသတ်မှတ်ချက်အပေါ် စော်ကားခြင်းဖြစ်ကြောင်း ၊ ဘီလာရုဇ်နိုင်ငံအနေဖြင့် ယခုကဲ့သို့ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံအပေါ် ဆောင်ရွက်မှုမျိုးကို လုံးဝလက်ခံမည်မဟုတ်ကြောင်း ၊ လပ်ဗီးယားနိုင်ငံ က ဘီလာရုဇ်နိုင်ငံတော်အလံအား စော်ကားခဲ့ခြင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်သွားရန် ဘီလာရုဇ် ဘက်က တောင်းဆိုကြောင်း ၊ လပ်ဗီးယားနိုင်ငံမှ တောင်းပန်မှုပြုလုပ်သွားရန် နှင့် ဘီလာရုဇ် နိုင်ငံတော်အလံအား ပြန်လည်ပြောင်းလဲလွှင့်ထူပေးရန်တောင်းဆိုပြီး ယခုကဲ့သို့ ရန်စမှုအပေါ် ဘီလာရုဒ်နိုင်ငံက မည်သိုသော တုန့်ပြန်မှုမှ ပြန်မလုပ်ဘဲ နေ၍ မရကြောင်း ၊ လပ်ဗီးယားနိုင်ငံက ပြန်လည်ဆောင်ရွက်လာနိုင်ဖွယ်ရှိသည့် တန်ပြန်ဆောင်ရွက်မှုများကိုလည်း ဘီလာရုဇ် နိုင်ငံ က ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အိုင်ယာလန်လေကြောင်း ကုမ္ပဏီတစ်ခု၏ လေယာဉ်တစ်စင်း မေလ ၂၃ ရက်က ဘီလာ ဘီလာရုဇ် နိုင်ငံတွင် အရေးပေါ်ဆင်းတက်ခဲ့ရသည့် ကိစ္စနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ဘီလာရုဇ် နိုင်ငံ အနေဖြင့် နိုင်ငံတကာပညာရှင်များပါဝင်သော ပွင့်လင်းမြင်သာသည့် စုံစမ်းစစ်ဆေးမှုဆောင်ရွက်သွားမည်ကိုလည်း ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်း ၊ ယခုကဲ့သို့သော အချိန်အခါမျိုးတွင် ဘီလာရုဇ် နိုင်ငံတော်အလံအား စော်ကားခြင်းနှင့်ပတ်သက်၍ ဘီလာရုဇ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် လွန်စွာအံ့အားသင့်မိကြောင်း ပြောကြားခဲ့သည်။

လပ်ဗီးယားနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနသည် မေလ ၂၄ ရက်က လပ်ဗီးယားနိုင်ငံဆိုင်ရာ ဘီလာရုဇ် သံရုံး ယာယီတာဝန်ခံအားခေါ်ယူတွေ့ဆုံခဲ့ပြီး လပ်ဗီးယားနိုင်ငံအနေဖြင့် တန်းတူတန်ပြန်ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိချိန်အထိ ဘီလာရုဇ် နိုင်ငံ သံတမန်ရေးရာဝန်ထမ်းများကို နိုင်ငံအတွင်းထွက်ခွာသွားရန် ကြေညာကြောင်း ပြောကြားခဲ့သည်။

သတင်းဖော်ပြချက်များအရ အိုင်ယာလန်နိုင်ငံ Ryanair လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်းသည် မေ ၂၃ ရက်က ဗုံးခွဲတိုက်ခိုက်ရန် ခြိမ်းခြောက်ခံခဲ့ရသဖြင့် ဘီလာရုဒ်နိုင်ငံမြို့တော် မင့်ခ်စ် နိုင်ငံတကာလေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း ၊ လက်ရှိတွင် ဘီလာရုဒ်နိုင်ငံ စုံစမ်းစစ်ဆေးရေးကော်မတီက လိမ်ညာဗုံးခွဲတိုက်ခိုက်မှုကိစ္စရပ် နှင့် ပတ်သက်၍ ပြစ်မှုဆိုင်ရာတရားစွဲဆိုမှု ပြုလုပ်နေကြောင်း သိရှိရသည်။ (Xinhua)

———————————————
(Chinese Version)
(国际)白俄罗斯和拉脱维亚互相驱逐外交官

新华社明斯克5月24日电(记者魏忠杰 李佳)白俄罗斯外交部24日对拉脱维亚方面侮辱白国旗一事表示强烈抗议,宣布拉脱维亚驻白大使塞马尼斯为“不受欢迎的人”,并要求其在一天内离境。同一天,拉脱维亚外交部宣布驱逐白俄罗斯驻拉外交官。

据白通社报道,白方除要求塞马尼斯在一天内离境外,还要求拉脱维亚驻白使馆所有外交官和使馆几乎全部行政技术人员于48小时内离境,只允许一人留下来看守使馆馆舍。

据报道,正在拉脱维亚参加2021年冰球世锦赛的白俄罗斯运动员住在拉首都里加一家酒店。24日早些时候,拉方将这家酒店外悬挂的白俄罗斯国旗替换成白方宣布为“非法”的旗帜。

白俄罗斯外交部长马克伊24日在召见塞马尼斯时表示,拉方的做法是“对国际法准则的践踏”,白方绝对不能接受此类针对主权国家的行为。白方要求拉方就侮辱白国旗事件展开调查、进行道歉并重新悬挂白俄罗斯国旗,白方无法不对此类挑衅行为作出回应。对拉方可能采取的对等回应,白方已做好相关准备。

马克伊还表示,就爱尔兰瑞安航空公司一架客机23日在白俄罗斯紧急降落一事,白方已表示准备举行有国际专家参与的公开透明的调查。白外交部对在此情况下发生白国旗遭侮辱这样的行为感到惊讶。

拉脱维亚外交部24日召见白俄罗斯驻拉临时代办萨多夫斯卡娅,宣布拉方将采取对等行动,驱逐白俄罗斯驻拉外交官直至两国关系正常化。

据报道,爱尔兰瑞安航空公司一架客机23日因炸弹威胁紧急降落在白首都明斯克国际机场。目前,白俄罗斯调查委员会已对这起虚假炸弹事件提起刑事诉讼。(参与记者:郭群)(完)

Photo
11月7日,在白俄罗斯首都明斯克的列宁广场,白俄罗斯国旗在列宁雕像前飘扬。白俄罗斯每年11月7日庆祝“十月革命日”,这一天是白俄罗斯的公共假日。新华社发(叶甫盖尼摄)