Connect with us

International Organizations

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် က တရုတ် နိုင်ငံ ၏ နိုင်ငံတကာရေးရာ ကိစ္စရပ် များတွင် ပေးဆပ်ပါဝင် ဆောင်ရွက်မှု များသည် လွန်စွာ ထိရောက်ကြောင်း ပြောကြား

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ် က တရုတ် နိုင်ငံ မှ ကုလသမဂ္ဂ နှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု များတွင် ခိုင်မြဲစွာ ထောက်ခံအားပေးသည့် အတွက် ချီမွမ်းဂုဏ်ပြုကြောင်း ၊ တရုတ် နိုင်ငံ သည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ၏ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ အနေဖြင့် နိုင်ငံတကာရေးရာ ကိစ္စရပ် များတွင် ပေးဆပ်ပါဝင် ဆောင်ရွက်မှု များသည် လွန်စွာ ထိရောက်ကြောင်း စက်တင်ဘာ ၂၅ ရက်နေ့၌ ပြောကြား ခဲ့သည်။

ဂူတာရက်စ် သည် စက်တင်ဘာ ၂၅ ရက်နေ့၌ အနားယူတော့မည့် ကုလသမဂ္ဂ ဆိုင်ရာ တရုတ် နိုင်ငံ ကိုယ်စားလှယ် လျိုကျဲရီး(Liu Jieyi) နှင့် တွေ့ဆုံခဲ့စဉ် ၎င်း၏ ၄ နှစ်တာ ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု များကို ချီးမွမ်းဂုဏ်ပြုခဲ့ပြီး ကုလသမဂ္ဂ အနေဖြင့် တရုတ် နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုပြီး ကမ္ဘာ့တည်ငြိမ်အေးချမ်းရေး ကို အတူတကွ ထိမ်းသိန်း ကာ လူသားအားလုံး အတွက် အကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

လျိုကျဲရီး က ဂူတာရက်စ် မှ မိမိ လုပ်ငန်းဆောင်ရွက်မှု များကို ထောက်ခံအားပေးသည့် အတွက် ကျေးဇူးတင်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကုလသမဂ္ဂ နှင့် အနီးကပ် ဆက်ဆံရေး ထားရှိမည် ဖြစ်ပြီး ကုလသမဂ္ဂ ၏ လုပ်ကိုင်ဆောင်ရွက်မှုများကို ထောက်ခံအားပေးကြောင်း ၊ နိုင်ငံတကာ ကိစ္စရပ် များတွင် ကုလသမဂ္ဂ ၏ အခန်းကဏ္ဍကို ပိုမို ထိရောက် သည့် အခန်းကဏ္ဍတွင် ပါဝင်ရန် တွန်းအားပေး ဆောင်ရွက်ပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှု များဖြေရှင်းရန် အတွက် ပေးဆပ်ပါဝင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.