Connect with us

International Organizations

ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် တရုတ်နှင့် ကျူးဘား ကတိပြု

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ဝဲ) နှင့် ကျူးဘား နိုင်ငံခြားရေးဝန်ကြီး Bruno Rodriguez တို့အား အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် စက်တင်ဘာလ ၂၂ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ကျူးဘား နိုင်ငံခြားရေးဝန်ကြီး Bruno Rodriguez Parrilla နှင့် စက်တင်ဘာလ ၂၂ ရက်တွင် တွေ့ဆုံကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန် သဘောတူခဲ့ကြောင်း သိရသည်။

ကျူးဘားတွင် အာမာ ဟာရီကိန်းမုန်တိုင်းဒဏ် ခံစားခဲ့ရမှုကြောင့် ပျက်စီးဆုံးရှုံးမှုများအပေါ် ဝမ်က ကြေကွဲဝမ်းနည်းကြောင်း ထပ်မံ ပြောကြားခဲ့ပြီး ကျူးဘားပြည်သူများအနေဖြင့် ကျူးဘား ကွန်မြူနစ်ပါတီနှင့် အစိုးရ၏ ဦးဆောင်မှုအောက်တွင် အခက်အခဲများအား ကျော်လွှားကာ ပုံမှန် နေထိုင်မှုများ ပြန်လည် ရရှိနိုင်မည်ဟု မျှော်လင့်ပါကြောင်း ဝမ်က ပြောသည်။

ခက်ခဲရှုပ်ထွေးပြီး ပြောင်းလဲနိုင်သော နိုင်ငံတကာ အခြေအနေများအကြား တရုတ်နှင့် ကျူးဘားတို့သည် ဆက်သွယ်ရေးနှင့် ပူးပေါင်း ညှိနှိုင်းမှုများ တိုးမြှင့်ကာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး နက်ရှိုင်းစွာ လုပ်ဆောင်သင့်သည်။

တရုတ်နိုင်ငံက ၎င်း၏ နိုင်ငံခြားရေး မူဝါဒတွင် ကျူးဘားနိုင်ငံအား အထူးနေရာတစ်နေရာ ထားရှိကြောင်းနှင့် အမေရိကန်၏ တားဆီး ပိတ်ဆို့မှုအား ဆန့်ကျင်ရန် ကျူးဘား၏ ကြိုးစားမှုနှင့် အချုပ်အခြာအာဏာအတွက် ကျူးဘား၏ တရားဝင် တိုက်ပွဲများအား အမြဲတစေ ထောက်ပံ့သွားမည် ဖြစ်ကြောင်း ဝမ်က ဆိုသည်။

လက်တင်အမေရိကသည် ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့်အတူ အရေးပါသည့် ဒေသ တစ်ခုဖြစ်ကြောင်း၊ ယင်း ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြန်လည် သက်ဝင်လှုပ်ရှားလာမှုသည် ပေါ်ထွန်းစ ဈေးကွက်များနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ပြန်လည် ရှင်သန်လာစေရန် ကြိုးပမ်းမှု၏ အရေးကြီးသော အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း သိရသည်။

ထို့ပြင် တရုတ်-လက်တင်အမေရိကန် ကျယ်ပြန့်သော မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုက အခွင့်အလမ်းသစ်များဖြင့် ကြိုဆိုနေကြောင်းလည်း ဝမ်က မှတ်ချက်ပြုခဲ့သည်။

ကျူးဘား နိုင်ငံခြားရေးဝန်ကြီး Bruno Rodriguez Parrilla က အာမာ ဟာရီကိန်းမုန်တိုင်းအလွန် တရုတ်၏ ကူညီထောက်ပံ့မှုများအား ကျေးဇူးတင်ကြောင်း၊ ကျူးဘား-တရုတ် ဆက်ဆံရေးများတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ဆက်လက် တိုးမြှင့်ရေးနှင့်အတူ ခိုင်မာသော ဖွံ့ဖြိုးတိုးတက်မှု ရှိကြောင်း၊ နိုင်ငံတကာ ရေးရာများတွင် ကောင်းမွန်သော ဆွေးနွေးတိုင်ပင်မှု ရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ကျူးဘားသည် တရုတ်နှင့် နိုင်ငံ အုပ်ချုပ်ရေးတွင် ခိုင်မာစွာ ဖလှယ်ရန် ဆန္ဒရှိပြီး တရုတ် ကွန်မြူနစ်ပါတီ၏ ၁၉ ကြိမ်မြောက် အမျိုးသား ညီလာခံအား အောင်မြင်စွာ ကျင်းပနိုင်ရန် မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.