Connect with us

International Organizations

မြန်မာနိုင်ငံ ရခိုင်ဒေသ အခြေအနေများအပေါ် စိတ်ရှည်သည်းခံကြရန် တရုတ်နိုင်ငံ ပြောကြား

ကုလသမဂ္ဂတွင် မိန့်ခွန်းပြောကြားနေသည့် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ဝူဟိုင်ထောင်းအား ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်လျက်ရှိသော အခြေအနေများအပေါ် စိတ်ရှည်သည်းခံကြရန် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ သံတမန်က စက်တင်ဘာလ ၂၉ ရက်တွင် ပြောကြားလိုက်သည်။

“ရခိုင်ရဲ့ ပြဿနာက ရှုပ်ထွေးသော သမိုင်းကြောင်း၊ လူမျိုးစုနှင့် ဘာသာရေး ကိစ္စတွေနဲ့ ဆက်စပ်မှုကို အခြေခံနေတယ်။ မတူကွဲပြားမှုတွေ၊ ဆန့်ကျင်မုန်းတီးမှုတွေက ကာလရှည် အခြေခိုင်နေခဲ့ပါတယ်။ ဒါတွေကို အလွယ်တကူနဲ့ ပြေလည်အောင်လုပ်ဖို့ မဖြစ်နိုင်ပါဘူး” ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ် လက်ထောက် အမြဲတမ်း ကိုယ်စားလှယ် ဝူဟိုင်ထောင်း (Wu Haitao) က လုံခြုံရေးကောင်စီသို့ ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများအပေါ် တရုတ်နိုင်ငံ ရှုတ်ချလိုက်ကြောင်း၊ ပြည်တွင်း အခြေအနေ တည်ငြိမ်မှု ထိန်းသိမ်းရေး မြန်မာနိုင်ငံ၏ အားထုတ်မှုအပေါ် တရုတ်က ထောက်ခံသွားမည် ဖြစ်ကြောင်း ဝူက ပြောကြားခဲ့သည်။

“တရားဥပဒေ စိုးမိုးမှုက ရခိုင်ဒေသမှာ မြန်နိုင်သမျှမြန်မြန် တစ်ဖန် လွှမ်းမိုးနိုင်ဖို့နဲ့ အပြစ်မဲ့ အရပ်သားတွေကို ထပ်မံ မထိခိုက်စေဖို့ မြန်မာနိုင်ငံအတွင်း လူမှု တည်ငြိမ်ရေး၊ လူမျိုးစုများအကြား စည်းလုံးရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ ရေရှည်တည်တံ့စေဖို့ ကျွန်တော်တို့ ရိုးရှင်းစွာ မျှော်လင့်ပါတယ်” ဟု ဝူက ကုလသမဂ္ဂတွင် ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာ အစိုးရ ရင်ဆိုင် ဖြေရှင်းနေရသော စိန်ခေါ်မှုများနှင့် အခက်အခဲများကို ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်ရန်၊ စိတ်ရှည်သည်းခံကြရန်၊ နိုင်ငံအတွက် လိုအပ်သော ထောက်ပံ့မှုများနှင့် ကူညီမှုများ လုပ်ဆောင်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းအား ဝူက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်တွင် တင်းမာမှုလျှော့ချရေးနှင့် ပြန်လည် တည်ငြိမ်ရေးအတွက် မြန်မာအစိုးရ၏ လုပ်ဆောင်မှုများအပေါ် အလေးထားကြောင်း၊ ယင်းသို့ လုပ်ဆောင်မှုများသည် ရေရှည်အဖြေတစ်ခုအတွက်လည်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ ပြောခဲ့သလိုပဲ မြေပြင် အခြေအနေတွေက စတင် တည်ငြိမ်နေပါပြီ။ အဲ့ဒီ အရှိန်အဟုန်ကို အဖွဲ့အစည်းအားလုံးက အပြုသဘောဆောင်တဲ့ ကူညီ တွန်းအားပေးဖို့၊ အခြေအနေ တင်းမာမှုကို လျှော့ချစေဖို့နှင့် လူသားချင်းစာနာထောက်ထားမှု အခြေအနေတွေ ပြေလည်စေဖို့ တစ်ဆင့်ပြီး တစ်ဆင့် လုပ်ဆောင်သင့်တယ်” ဟု ဝူက ထည့်သွင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံကလည်း ရခိုင်ပြည်နယ်တွင် အစိုးရ တရားဥပဒေ စိုးမိုးမှု ပြန်လည်သက်ရောက်ရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ပြန်လည်ရရှိရေး စသည့်အကြောင်းအရာများအတွက် ဆက်စပ် အဖွဲ့အစည်းများအားလုံးနှင့် အတူတကွ လုပ်ဆောင်ရန် အသင့်ရှိသည်ဟု ဆိုသည်။

ထို့ပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မြေပြင် အခြေအနေ တိုးတက်မှု လုပ်ဆောင်ခဲ့သော ဘင်္ဂလားဒေ့ရ်ှနိုင်ငံအား ချီးကျူးခဲ့သလို နိုင်ငံတကာ ကြက်ခြေနီအဖွဲ့၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်သော အခြား နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သော မြန်မာ အစိုးရကိုလည်း ကြိုဆိုခဲ့သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း မူဆလင် လူဦးရေ အများအပြား ဘင်္ဂလားဒေ့ရှ်တွင် ဒုက္ခသည်များ အဖြစ် ခံယူနိုင်ရန် ထွက်ခွာနေကြခြင်းအတွက် အစဉ်တည်တံ့မည့် အဖြေတစ်ခု ရှာဖွေရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား ဆွေးနွေးဆက်သွယ်မှုများကို တွန်းအားပေးသင့်ကြောင်း ဝူက တိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးနှင့် ချစ်ကြည်ရင်းနှီးမှုရှိသော အိမ်နီးချင်း ဖြစ်သောကြောင့် နှစ်နိုင်ငံ အရေးကိစ္စ ဆွေးနွေးခြင်းနှင့် အဖြေရှာရာတွင် တက်ကြွစွာ စေ့စပ်ညှိနှိုင်းခဲ့ပါကြောင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူများအတွက် လိုအပ်သော ကူညီထောက်ပံ့မှုများ ဆက်လက် ပေးအပ်သွားမည် ဖြစ်ကြောင်းလည်း ဝူက ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.