Connect with us

International Organizations

ကုလသမဂ္ဂ ထိပ်သီး အစည်းအဝေးတွင် ၂၀၁၅-အလွန် ဖွံ့ဖြိုးမှု အစီအစဉ်အား လက်ခံ ကျင့်သုံးရန် တရုတ်နိုင်ငံ မျှော်လင့်

ကုလသမဂ္ဂ ဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် ဝမ်မင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကုလသမဂ္ဂ ထိပ်သီး အစည်းအဝေးတွင် ၂၀၁၅- အလွန် ဖွံ့ဖြိုးမှု အစီအစဉ်အား လက်ခံကျင့်သုံးရန်မျှော်လင့်ပြီး ၎င်းအစီအစဉ်သည် ဖွံ့ဖြိုးမှု အတွက် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုများကို လမ်းညွှန်ရာတွင် အရေးပါကြောင်း ကုလသမဂ္ဂ ဆိုင်ရာ တရုတ်နိုင်ငံ သံတမန် က အင်္ဂါနေ့တွင် ပြောသည်။

ယင်းမှတ်ချက်အား ကုလသမဂ္ဂ ဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ဝမ်မင်းက ကုလသမဂ္ဂ ၏ ၆၉ ကြိမ်မြောက် အထွေထွေ စုံညီ အစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖွံ့ဖြိုးမှု အစီအစဉ်အဖြစ် လာမည့် ၁၅ နှစ်အတွင်း နိုင်ငံတကာဖွံ့ဖြိုးမှု ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု လမ်းညွှန်ချက်များ အတိုင်း လုပ်ဆောင်မည် ဖြစ်ပြီး ၂၀၁၅ ခုနှစ် အလွန် ဖွံ့ဖြိုးမှု အစီအစဉ်သည် အလွန်လေး နက်သော အဓိပ္ပါယ် ဟု ဝမ်မင်းက ပြောပါသည်။

ထိုစာချုပ် စာတမ်းသည် ကုလသမဂ္ဂ ပဋိဉာဉ် စာတမ်းပါ စည်းမျဉ်းနှင့် ရည်ရွယ်ချက်များ အား ထပ်မံ အတည် ပြုလိုက်ခြင်း ဖြစ်ကြောင်း၊ စည်းမျဉ်း စည်းကမ်းများသည် ဘုံဖြစ်သော်လည်း ဆင်းရဲ မွဲတေမှုအား အမြစ်ပြတ် တိုက်ဖျက်ရေးနှင့် ဆိုင်သော အခြေခံ စည်းမျဉ်းများ အကြား တာဝန်ယူမှုများနှင့် ကွဲပြား ခြားနားမှု ရှိကြောင်း ဝမ်က ဆိုသည်။

၂၀၁၅ အလွန်ဖွံ့ဖြိုးမှု အစီအစဉ်သည် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရန် တွန်းအားအတွက် ပြန်လည် ပေးစွမ်း နိုင်ခြင်းသာ မဟုတ်ဘဲ ကုလသမဂ္ဂ ထိပ်သီး အစည်းအဝေး၏ ခိုင်မာသော အုတ်မြစ် တစ်ခုလည်း ဖြစ်ပါသည်။

ဒါ့အပြင် တရုတ်နိုင်ငံသည် ၂၀၁၅ အလွန် ဖွံ့ဖြိုးမှု အစီအစဉ် အကောင်အထည် ဖော်ရန် အတွက် အဆင်သင့်ရှိ နေကြောင်း နှင့် ဖွံ့ဖြိုးမှု အတွက် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး ပြန်လည် အသက်ဝင်လာခြင်းလည်း ဖြစ်ကြောင်း ဝမ်က အခိုင်အမာ ပြောထားပါသည်။

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၁၉၃ က စေ့စပ် ညှိနှိုင်းသူ များသည် ရေရှည် တည်တံ့ ဖွံ့ဖြိုးမှု အတွက် စီမံကိန်း ဥပဒေကြမ်းအား သြဂုတ်လတွင် သဘောတူညီခဲ့ပြီး ၂၀၃၀ ခုနှစ်တွင် နောက်ဆုံးထား အကောင်အထည် ဖော်မည် ဖြစ်သည်။ ယင်းစာချုပ်စာတမ်းတွင် အကြမ်းဖျဉ်းအားဖြင့် ဆင်းရဲမွဲတေမှု၊ ကျား မ သာတူညီမျှရှိရေး၊ ဥတု ပြောင်းလဲခြင်း၊ စီးပွားရေး ဖွံ့ဖြိုးရန်နှင့် ပင်လယ် သယံဇာတ ရင်းမြစ် ကာကွယ်ရေး ဆိုင်ရာ ကိစ္စရေးရာများနှင့် ဆက်စပ်သော ရေရှည် တည်တံ့ဖွံ့ဖြိုးသော ရည်မှန်းချက်များ (Sustainable Development Goals= ADGs) ပါဝင်ပါသည်။ (Xinhua)