Connect with us

International Organizations

ကမ္ဘာ့ခေါင်းဆောင်များသည် ကျား-မ အခွင့်အရေး ကွာဟချက်ကို ပိုမို ကျဉ်းမြောင်း စေသော လုပ်ဆောင်မှုများ ပြုလုပ်ရန် ကတိ ကဝတ်ပြု

ကုလသမဂ္ဂရုံးချုပ် (နယူးယောက်) အပြင်ဘက်ရှိ အမျိုးသမီးများ အခွင့်အရေးဆိုင်ရာ ညီလာခံ ပိုစတာ (ဓာတ်ပုံ- ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ကမ္ဘာ့ ခေါင်းဆောင်ပေါင်း ၈၀ ခန့်သည် နိုင်ငံအသီးသီးမှ အမျိုးသမီးများ လုပ်ပိုင်ခွင့် ပိုမိုရရှိစေရန်နှင့် ကျား-မ တန်းတူ အခွင့်အရေး ရရှိစေရန် ဆောင်ရွက်သွားမည့် နည်းလမ်းများကို တရုတ်နိုင်ငံမှ ပူးတွဲ ကျင်းပသည့် အမျိုးသမီးများ အခွင့်အရေးဆိုင်ရာ ညီလာခံတွင် တနင်္ဂနွေနေ့က ကြေငြာ ခဲ့သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းမှ အစည်းအဝေးပွဲ၌ ကမ္ဘာ့ ခေါင်းဆောင်များသည် ၎င်းတို့၏ ပုဂ္ဂိုလ်ရေး တာဝန်အနေဖြင့် ကျား-မ တန်းတူ အခွင့်အရေးနှင့် အမျိုးသမီးများ လုပ်ပိုင်ခွင့် ပိုမိုရရှိစေရန် ပြောဆိုခဲ့ကြောင်းနှင့် ၎င်းမှာ လုပ်ဆောင်သင့်သည့် လုပ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိပ်သီး ညီလာခံတွင် နိုင်ငံအသီးသီးမှ အစိုးရများသည် အလုပ်ခွင်နှင့် စာသင်ကျောင်းများ တွင် ဥပဒေအရ ကျား-မ တန်းတူ အခွင့်အရေး ရရှိရန် ထောက်ပံ့မှုများ ပြုလုပ်ခြင်းတို့ အပါအဝင် အမျိုးသမီးများနှင့် ပတ်သက်သည့် လူ့အဖွဲ့အစည်းများရှိ အတားအဆီးများအား တိုက်ဖျက်ရန် ကတိကဝတ် ပြုခဲ့ကြသည်။

ဂျာမနီ ဝန်ကြီးချုပ် အန်ဂျလာ မာကဲ မှ ဖွံ့ဖြိုးဆဲ နိုင်ငံများမှ အမျိုးသမီးများ အရည်အသွေး မြှင့်တင်ရန် နှင့် အမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှုများ တိုးတက် လာစေရန် ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်သွားရန် ကတိ ကဝတ်ပြုကြောင်း၊ ထို့နောက် ဘရာဇီးသမ္မတ ဒယ်မာ ရစ်ဆက်ဖ်မှ စစ်တပ်မှ အမျိုးသမီးများအား ခြောက်လကြာ မီးဖွားခွင့် ပေးမည့် ဥပဒေ တစ်ရပ်ကို ပြဌာန်းခဲ့ကြောင်း နှင့် အဇာဘိုင်ဂျန် နိုင်ငံမှလည်း သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာ အစရှိသည့် နယ်ပယ်များတွင် အမျိုးသမီးငယ်များ ပိုမို လုပ်ကိုင်လာ စေရန် လုပ်ဆောင်ပေးနေကြောင်း ပြောကြားခဲ့သည်။
ကုလသမဂ္ဂ အမျိုးသမီးများ အဖွဲ့အစည်း၏ စာရင်းများ အရ ၂၀၁၃ ခုနှစ်တွင် တစ်ကမ္ဘာလုံးမှ အမျိုးသမီး ၃၅ ရာခိုင်နှုန်းသည် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ရင်ဆိုင်နေရပြီး အချို့နိုင်ငံများတွင် ၇၀ ရာခိုင်နှုန်းအထိ မြင့်တက် နေကြောင်း သိရှိရသည်။
သြစတြီးယား သမ္မတ Heinz Fisher မှ ၂၀၁၅ ခုနှစ် နှောင်းပိုင်းတွင် လုပ်ဆောင်မည့် သြစတြီးယား အနာဂတ် အမျိုးသမီးများ၏ ကျန်းမားရေး အစီအစဉ်တွင် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုကို တားဆီး ကာကွယ် ခြင်းတို့ ပါဝင်သည့် ဘက်စုံလှုပ်ရှားမှုများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် ချားလ် မိုက်ကယ်မှ ခြောက်ကြိမ်မြောက် ကျား-မ အခြေခံ အကြမ်းဖက်မှုများ ဆိုင်ရာ အစီအစဉ်ကို ဥရောပ အစည်းအဝေး ကောင်စီ၏ အမျိုးသမီးများအား အကြမ်းဖက်မှုနှင့် ပြည်တွင်း အကြမ်းဖက်မှုများ ကာကွယ်ခြင်းနှင့် တိုက်ဖျက်ခြင်းတို့နှင့် အညီ တိုးတက်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စပိန်နိုင်ငံအနေဖြင့်လည်း အမျိုးသမီးများအား အကြမ်းဖက်မှု ဆန့်ကျင် တိုက်ဖျက်ရေးကို နိုင်ငံတော်အဆင့် ဦးစားပေး အနေဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ကျား-မတန်းတူ အခွင့်အရေး ရရှိစေရေးသည် ရေရှည် တည်တံ့သော ဖွံ့ဖြိုး တိုးတက်မှု ရည်းမှန်းချက် (၁၇) ချက် တွင် တစ်ခုအပါအဝင် ဖြစ်သည်။ ကုလသမဂ္ဂ အမျိုးသမီးများ အဖွဲ့အစည်း၏ သတင်း ထုတ်ပြန်ချက်အရ သောကြာနေ့မှ တနင်္ဂနွေနေ့ အထိ ကျင်းပခဲ့သည့် ၂၀၃၀ ပြည့်နှစ် အစီအစဉ်နှင့် ရေရှည် တည်တံ့သော ဖွံ့ဖြိုး တိုးတက်မှု ရည်မှန်းချက်များ ချမှတ်မည့် ကုသမဂ္ဂ ထိပ်သီး ညီလာခံတွင် ကျား-မ တန်းတူ အခွင့်အရေး ရရှိရေး ကိစ္စရပ်သည် အခြား အကြောင်းအရာများထက် နိုင်ငံရေး အာရုံစိုက်မှု ပိုမိုရရှိခဲ့ ဖြစ်လာခဲ့သည်။
ဥပဒေအရရော၊ လက်တွေ့အရ ပါ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်တွင် တန်းတူ အခွင့်အရေး အပြည့်အဝမရှိဘဲနှင့် ကမ္ဘာလုံး ဆိုင်ရာ ရည်မှန်းချက် ပန်းတိုင်ကို မရနိုင်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းမှ ပြောကြားခဲ့သည်။ (Xinhua)