Connect with us

Latin America

ဘရာဇီး နိုင်ငံ Rio Grande do Norte ပြည်နယ်ရှိ အကျဉ်းထောင် တစ်ခု ထောင်ဆူမှု ဖြစ်ပွားခဲ့ရာ လက်ရှိချိန်တွင် ၂၆ ဦးသေဆုံး

ဘရာဇီး နိုင်ငံရဲတပ်ဖွဲ့ မှ Piraquara အကျဉ်းထောင် သို့ ဝင်ရောက်နေစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေရို ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

ဘရာဇီး နိုင်ငံ Rio Grande do Norte ပြည်နယ် ရှိ Piraquara အကျဉ်းထောင်တွင် ဖြစ်ပွား ခဲ့သော ထောင်ဆူမှု အား ဇန်နဝါရီလ ၁၅ ရက်နံနက်ပိုင်းတွင် ထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိချိန်တွင် သေဆုံးသူ ၂၆ ဦးရှိကြောင်း Rio Grande do Norte ပြည်နယ် အစိုးရ က ဇန်နဝါရီ ၁၅ ရက်နေ့က ထုတ်ပြန် ခဲ့သည်။

Rio Grande do Norte ပြည်နယ် ဥပဒေရေးရာ နှင့် ပြည်သူ့ရေးရာ ဌာန ဌာနမှူး က သတင်းစာ ရှင်းလင်းပွဲတွင် ယခု ဖြစ်ပွားခဲ့သည့် ထောင်ဆူမှု သည် ယခင် Amazonas ပြည်နယ် နှင့် Roraima ပြည်နယ် တွင် ဖြစ်ပွား ခဲ့သည့် ထောင်ဆူမှုများ နှင့် ပတ်သက်ခြင်း မရှိကြောင်း ၊ သို့သော် ထို ကိစ္စရပ် နှစ်ခု သည် ယခု အကျဉ်းထောင် အတွင်းရှိ အကျဉ်းသားများကို အားပေး သလို ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဌာနမှူး က လက်ရှိချိန်တွင် ထောင်ဆူမှု ကို ဦးဆောင်ခဲ့သည့် အကျဉ်းသား ၆ ဦးကို သိရှိခဲ့ရပြီး ထို ၆ ဦးကို ဖက်ဒရယ် အကျဉ်းထောင် သို့လွှဲပြောင်ရန် တောင်းဆိုခဲ့ပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သတင်းအချက်အလက်များ အရ လက်ရှိချိန် တွင် ၂၆ ဦးသေဆုံး ခဲ့သည့် အပြင် အကျဉ်းသား ၉ ဦးမှာ ဒဏ်ရာ စိုးရိမ်ရသောကြောင့် Rio Grande do Norte ပြည်နယ် ၏ မြို့တော် Natal သို့ ဆေးဝါးကုသရန် ပို့ဆောင် ခဲ့ကြောင်း သိရှိရသည်။

Rio Grande do Norte ရဲတပ်ဖွဲ့က ယခု ဖြစ်ပွား ခဲ့သည့် ထောင်ဆူမှု သည် ဇန်နဝါရီ ၁၄ ရက် ညနေပိုင်း တွင် စတင် ဖြစ်ပွား ခဲ့ပြီး အဓိက အားဖြင့် အကျဉ်းသား ထားရှိသည့် အခန်း ၂ ခန်းမှ တိုက်ခိုက်မှုများ ဖြစ်ပွားရာမှ စတင်ခဲ့ပြီး ထောင်တစ်ခုလုံး ဆူပူမှု ဖြစ်ပွားခဲ့ကြောင်း ပြောကြား ခဲ့သည်။

Piraquara အကျဉ်းထောင်သည် Rio Grande do Norte ပြည်နယ် ရှိ အကြီးဆုံး အကျဉ်းထောင် တစ်ခုဖြစ်ပြီး အကျဉ်းသား ၆၂၀ လက်ခံ နိုင်သည့် အကျဉ်းထောင် ဖြစ်သည်။ သို့သော် လက်ရှိချိန်တွင် အကျဉ်းသား ၁၁၅၀ ဦးလက်ခံထားပြီး ၂၀၁၆ ခုနှစ်တွင် ထိုအကျဉ်းထောင် မှ အကျဉ်းသား ၁၀၀ ကျော် ထွက်ပြေး ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.