Connect with us

Latin America

ဘောလုံးလောကထဲ ရော်နယ်ဒင်ဟို ပြန်လာမည်ဟု အေဂျင့်ပြော

ကမ္ဘာကျော် ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒင်ဟို အားတွေ့ ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေရို ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

FIFA ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု နှစ်ကြိမ်ဆွတ်ခူးထားသော ဘရာဇီးဘောလုံးအကျော်အမော် ရော်နယ်ဒင်ဟိုသည် တောင်အမေရိကတိုက် ကလပ်အသင်းတစ်ခုနှင့်အတူ ဘောလုံးလောကထဲသို့ပြန်လည်ဝင်ရောက်လာရန် မျှော်လင့်ထားကြောင်း ၎င်း၏ အေးဂျင့်အဖြစ် ဆောင်ရွက်နေသည့် အစ်ကိုဖြစ်သူက ပြောကြားလိုက်သည်။

၂ဝဝ၂ ခုနှစ် ကမ္ဘာဖလားချန်ပီယံဆုရှင် ရော်နယ်ဒင်ဟိုသည် Copa Libertadores ဖလားဝင်ရောက်ယှဉ်ပြိုင်မည့် တောင်အမေရိကတိုက် ထိပ်တန်း ကလပ်အသင်းတစ်ခုတွင် ပါဝင်ကစားသွားရန် ရည်ရွယ်ထားကြောင်း ရော်ဘက်တိုအက်စစ် ( Roberto Assis ) က ဆိုသည်။

အသက် ၃၆ နှစ်အရွယ်ရှိ ဘာဆီလိုနာ ဂန္တဝင်ဘောလုံးသမား ရော်နယ်ဒင်ဟိုသည် ဘရာဇီးကလပ် Chapecoense နှင့် Coritiba ကလပ်အသင်းများတွင် ပါဝင်ကစားခဲ့ဖူးပြီး ဥရုဂွေးနိုင်ငံ Nacional ကလပ်အသင်းတွင်လည်း ပါဝင်ကစားခဲ့ဖူးကြောင်း သိရသည်။

“ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ၂ဝ၁၇ ခုနှစ်မှာ သူ ဘောလုံးပြန်ကစားဖို့ပါ။ တစ်နှစ်ကြာဘောလုံးလောက က အနားယူပြီး ကမ္ဘာတစ်လွှားကို ခရီးတွေထွက်ခဲ့ပါတယ်။ အရင်တုန်းက မရောက်ဘူးတဲ့ နိုင်ငံတွေကို ရောက်အောင်သွားခဲ့ပါတယ်” ဟု Assis က El Pais ဥရုဂွေးသတင်းစာသို့ ပြောကြားခဲ့သည်။

ရော်နယ်ဒင်ဟိုအနေဖြင့် Nacional အသင်းသို့ပြောင်းရွှေ့ကစားနိုင်ဖွယ်ရှိမရှိမေးခွန်းအပေါ် “ ကျွန်တော်က နှစ်ဖက်ကြား ဝင်ပြောပေးရသူပါ။ ဒါပေမယ့် ဘာသတင်းတွေမှာ သိထားတာ မရှိပါဘူး” ဟု Assis က ပြန်လည်ဖြေကြားခဲ့သည်။

“ ၂ဝ၁၇ ခုနှစ်အတွက် အစီအစဉ်ကတော့ ဘောလုံးပြန်ကစားဖို့ပါပဲ။ ဘာဖြစ်လာမလဲဆိုတာတော့ ကြည့်ရမှာပေါ့။ Copa Libertadores ဖလားမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရမယ့် ကလပ်အသင်းတစ်ခု အကြောင်းကိုပဲ စဉ်စားနေပါတယ်” ဟု Assis က ဆက်လက်ပြောကြားခဲ့သည်။

ရော်နယ်ဒင်ဟိုသည် ဘရာဇီးနိုင်ငံ ဖလာမီနိစ် ( Fluminense ) ကလပ်အသင်းမှ ထွက်ခွာခဲ့သော ၂ဝ၁၆ ခုနှစ် စက်တင်ဘာလကတည်းက အသင်းလက်မဲ့ဘဝ ဖြစ်နေထိုင်ခဲ့ရသည်။၎င်းသည် ပြီးခဲ့သော နှစ်များတွင် ပီရူး ၊ အီကွေဒေါ ၊ ဂွာတီမာလာ ၊ အမေရိကန်ပြည်ထောင်စု နှင့် တရုတ်နိုင်ငံ အသင်းများနှင့် ချစ်ကြည်ရေးပွဲစဉ်များတွင် ပါဝင်ယှဉ်ပြိုင်ကစားခဲ့သည်။ထို့ပြင် အိန္ဒိယနိုင်ငံ၌ ကျင်းပခဲ့သည့် ဖူဆယ်ဘောလုံးပြိုင်ပွဲ တစ်ခုတွင်လည်း ပါဝင်ကစားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.