Connect with us

North America

အမေရိကန် ကာကွယ်ရေးဝန်ကြီးအသစ် အာဖဂန်သို့ရုတ်တရတ်သွားရောက်ခဲ့ပြီး တပ်များပြန်ရုပ်သိမ်းမည့် အစီအစဉ်ဆွေးနွေး

အမေရိကန် ကာကွယ်ရေး ဝန်ကြီး Ashton Carter ပုံ (ဆင်ဟွာ)

ကဘူးလ်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

အမေရိကန်၏ ကာကွယ်ရေး ဝန်ကြီးအသစ် အက်ရှ်တန် ကာတာ (Ashton Carter) သည် ၂၁ ရက်နေ့ တွင် အာဖဂန်သို့ ရုတ်တရတ် သွားရောက်ခဲ့ပြီး အာဖဂန် သမ္မတ အရှရစ်ဂါနီ(Ashraf Ghani) နှင့်တွေ့ဆုံ ခဲ့ပြီး အာဖဂန်တွင် တပ်စွဲထားသော အမေရိကန်တပ်ဖွဲ့များ ပြန်ရုပ်သိမ်းမည့် အစီအစဉ် များအား ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲ ပြီးနောက် သတင်းစာ ရှင်းလင်းပွဲတွင် အက်ရှ်တန် ကာတာ က ယခင် စီစဉ်ခဲ့သော အာဖဂန်တွင် တပ်စွဲထားသော အမေရိကန်တပ်များ ပြန်ရုပ်သိမ်းမည့် အစီအစဉ်သည် ပြောင်းလဲမှုများ ရှိနိုင်ကြောင်း ပြောကြားခဲ့သည်။အာဖဂန် သမ္မတ မှ လာမည့်လတွင် အမေရိကန်သို့ သွားရောက်လည်ပတ် ချိန်တွင် သမ္မတ အိုဘားမား နှင့် ဤအကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာဖဂန် သမ္မတ အရှရစ်ဂါနီ က သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတကာမှ အာဖဂန် အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် ဆောင်ရွက်ချက်များ အတွက် ကျေးဇူးတင်ရှိကြောင်း နှင့် အမေရိကန် သမ္မတ အကြံပြုသည့် တပ်ဖွဲ့ရုတ်သိမ်းမည့် အစီအစဉ် ကိုလည်း အလေးထားကြောင်း ပြောကြားခဲ့သည်။

အက်ရှ်တန် ကာတာ အနေဖြင့် ဖေဖော်ဝါရီ ၁၇ ရက်တွင် ကာကွယ်ရေးဝန်ကြီး အဖြစ် ခန့်အပ်ခံရပြီး နောက် အာဖဂန် သို့သွားရောက်ခြင်းသည် တာဝန်ယူပြီးနောက်ပိုင်း ပထမဆုံး အကြိမ် နိုင်ငံခြား ခရီးစဉ်ဖြစ်ပါသည်။

နေတိုး(NATO) တပ်ဖွဲ့မှ ဦးစီးသော အာဖဂန် လုံခြုံရေးတပ်များသည် အာဖဂန် ရှိ တပ်များကို ၂၀၁၄ နှစ်ကုန်ပိုင်းက ပြန်လည်ရုပ်သိမ်းခဲ့သည်။ ၂၀၁၄ ခုနှစ် နောက်ပိုင်းတွင် အာဖဂန်တွင် တပ်ဖွဲ့ဝင် ၁၂,၀၀၀ ချထားခဲ့ဲပြီး ၁၀,၈၀၀ သည် အမေရိကန် တပ်သားများဖြစ်သည်။ အိုဘားမား ၏ လက်ရှိ အစီအစဉ် အရဆိုလင် အာဖဂန် တွင်ထားရှိသော တပ်ဖွဲ့ကို ၂၀၁၅ နှစ်ကုန်တွင် ၅၅၀၀ အထိလျှော့ချမည်ဖြစ်ပြီး ၊၂၀၁၆ နှစ်ကုန်တွင် တပ်ဖွဲ့ဝင် ၁၀၀၀ ခန့်သာထားရှိတော့မည် ဖြစ်သည်။သို့သော် တာလီဘန် တိုက်ခိုက်မှုများမှာ ပိုမိုများပြား လာသဖြင့် အာဖဂန် နိုင်ငံတွင်းလုံခြုံရေး အတွက် စိုးရိမ်ကြကြောင်း လေ့လာသူများက သုံးသပ်ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.