ဘန်ကောက်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်) အား ကြီးကျယ်ခမ်းနားသော အခမ်းအနားနှင့်အတူ ဒီဇင်ဘာ ၉ ရက်က တရားဝင်ဖွင့်လှစ်လိုက်ပြီဖြစ်ကာ အရှေ့တောင်အာရှဒေသ၏ အတူမျှဝေပိုင်ဆိုင်ထားသော ယဉ်ကျေးမှုအမွေအနှစ်အား အဓွန့်ရှည်တည်တံ့ရေးအတွက် ခေတ်မီဆန်းသစ်သော ကြိုးပမ်းမှုနှင့် ပေါင်းစပ်ထားခြင်းဖြစ်ကြောင်း သိရသည်။ အမျိုးမျိုးအဖုံဖုံကွဲပြားသော...
ဖနွမ်းပင်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယား-ထိုင်း ပဋိပက္ခသည် စတုတ္ထမြောက်နေ့သို့ ရောက်ရှိနေပြီဖြစ်ရာ ကမ္ဘောဒီးယားနယ်စပ်ဒေသခံပြည်သူပေါင်း ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာ၍ လုံခြုံရာဒေသသို့ ထွက်ခွာနေရကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။ “နေရာစွန့်ခွာသူ စုစုပေါင်းအနေနဲ့ မိသားစု ၂၀,၁၀၅ စု၊...
ဟားအယ်ပင်း၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့တွင် ကျင်းပသော ၃၈ ကြိမ်မြောက် ထိုက်ယန်ကျွန်း ဆီးနှင်းပန်းပုအနုပညာပြပွဲ၏ အထင်ကရ ဆီးနှင်းရုပ်တု “နှင်းလူသား” ကို ဒီဇင်ဘာ ၉ ရက်တွင် ဟားအယ်ပင်း ထိုက်ယန်ကျွန်း ရှုခင်းသာ၌ တရားဝင်စတင်မိတ်ဆက်ခဲ့သည်။ “နှင်းလူသား” ရုပ်တုသည်...
ပေကျင်း၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံအနေဖြင့် ဆွေးနွေးမှုနှင့် ညှိနှိုင်းဆောင်ရွက်မှုမှတစ်ဆင့် ၎င်းတို့၏ မတူကွဲပြားမှုများကို ဆက်လက်ကိုင်တွယ်ဖြေရှင်းကြရန်၊ အခြေအနေတင်းမာမှု လျှော့ချရေးကို တိုးမြှင့်လုပ်ဆောင်ရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရေး အတူတကွ ဆောင်ရွက်ကြရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ...
ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ကျပ် ၁၂ ဘီလီယံကျော်တန်ဖိုးရှိသော စိတ်ကြွဆေးပြား ၈၅ သိန်းကျော်ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar ကထုတ်ပြန်ထားသော သတင်းအရ သိရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၂၉ ရက် နံနက် ၈ နာရီအချိန်...